လူအများစုက နှစ်အနည်းငယ်ကြာမှ ဖုန်း အသစ်လဲကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူ ၁ ယောက်ရဲ့ ဖုန်းတွေအပေါ် မြတ်နိုးမှုဟာ အံ့အားသင့်စရာ ကောင်းပါတယ်။ စပိန်မှ Wences Palau Fernandez ဟာ ဖုန်း ၃,၆၁၅ လုံး စုဆောင်းပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင်လိုက်ပါတယ်။

ဘာစီလိုနာမှ Fernandez ဟာ ၂၀၂၃ ခုနှစ်မှာ ရိုမေးနီးယားမှ Andrei Bilbie Argentis ရဲ့ ဖုန်း အလုံးရေ ၃,၄၅၆ လုံး စံချိန်ကို ကျော်တက်သွားပါတယ်။

Nokia superfan has world's largest collection of mobile phones with thousands of models | Guinness World Records

Guinness World Records (GWR) က အင်စတာဂရမ်မှာ မျှဝေထားတဲ့ ဗီဒီယိုမှာ Fernandez ဟာ သူ့ရဲ့ Siemens, NEC, Motorola, Blackberry, Samsung, HTC, Apple နဲ့ တခြား Brands တွေရဲ့ ဖုန်းတွေကို ဂုဏ်ယူစွာ ပြသထားတာကို မြင်ရပါတယ်။

Nokia superfan has world's largest collection of mobile phones with thousands of models | Guinness World Records

GWR Website မှာ Fernandez ဟာ ၁၉၉၉ ခုနှစ်မှာ ခရစ်စမတ် လက်ဆောင်ရခဲ့တဲ့ Nokia 3210 က စပြီး ဖုန်းတွေအပေါ် မြတ်နိုးခဲ့တာလို့ ရေးသားထားပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ Nokia ဖုန်းတွေကို စတင်စုဆောင်းခဲ့ပြီး အရင်ကထွက်ခဲ့တဲ့ Nokia ဖုန်းတွေအားလုံးကိုပါ ဝယ်ယူဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အရောက်မှာ သူဟာ Nokia ဖုန်း ၇၀၀ ကျော်ကို စုဆောင်းမိခဲ့ပြီး တခြား Brand တွေကိုပါ စုဆောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Ref : news18