လက်ရှိအချိန်မှာ Music Streaming Service တွေအများအပြားရှိလာပြီဖြစ်ပြီး ဖုန်းထဲမှာ Download ပြုလုပ်ထားတဲ့ သီချင်းတွေကို ဖွင့်နိုင်ဖို့အတွက် Music Player App တွေက တဖြည်းဖြည်းနည်းပါးလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နာမည်ကြီး Music Streaming App တစ်ခုဖြစ်တဲ့ Spotify ကနေ အသုံးဝင်တဲ့ Feature ကို Update ပေးသွားတော့မယ်လို့ သိရပါတယ်။

ဒါကတော့ ဖုန်းထဲမှာ Download ပြုလုပ်ထားတဲ့ Local Music File တွေကို Spotify App ကနေ နားထောင်နိုင်မယ့် Feature ပဲဖြစ်ပါတယ်။ ယခု Feature ကို Jane Wong ကနေ Android အတွက် Spotify App မှာ တွေ့ရှိခဲ့တာဖြစ်ပြီး တခြား iOS နဲ့ PC Version မှာတော့ ရရှိဦးမှာမဟုတ်ပါဘူး။

Spotify ဟာ လက်ရှိ Music Streaming Service တွေထဲမှာ လူသုံးအများဆုံးဖြစ်နေသလို Apple Music နဲ့ မတူညီတာက Premium Subscription တစ်ခုထဲတင်မဟုတ်ဘဲ Free Subscription Plan ပါထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Spotify Premium ဝယ်ယူထားတဲ့သူတွေအနေနဲ့ကတော့ Desktop PC App ကနေတစ်ဆင့် နားထောင်ချင်တဲ့ Local Music File တွေကို Sync ပြုလုပ်ဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Android App အတွက် Spotify မှာ Local Music ကိုပါ Support ပေးလာမယ်ဆိုတာက ဝမ်းသာစရာသတင်းတစ်ခုလို့ ပြောနိုင်မှာပါ။ ဒါပေမယ့် ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာနဲ့ ဘယ်အချိန်မှာ တရားဝင်အသုံးပြုနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Google