STMicroelectronics က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူ့ရဲ့ semiconductor စက်ရုံတွေမှာ cognitive humanoid robot တစ်ခုဖြစ်တဲ့ RoBee ကို အသုံးပြုဖို့ အီတလီကုမ္ပဏီ Oversonic Robotics နဲ့ ပူးပေါင်းလိုက်ပါတယ်။

European chipmaker STMicroelectronics deploys humanoid robots in  semiconductor production for first time - VnExpress International

ဒီသဘောတူညီချက်ဟာ semiconductor ကုမ္ပဏီတစ်ခုက ထုတ်လုပ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေမှာ humanoid robot တွေကို ပထမဆုံးအကြိမ် အသုံးပြုတာ ဖြစ်ပါတယ်။

လက်တွေ့အသုံးပြုမှုအပိုင်းကို စတင်နေပြီဖြစ်ပြီး Malta မှာရှိတဲ့ ST ရဲ့ advanced packaging နဲ့ testing စက်ရုံမှာ RoBee တစ်ရုပ် စတင်လည်ပတ်နေပြီဖြစ်သလို နောက်ထပ်လည်း ထပ်မံထည့်သွင်းဖို့ စီစဉ်ထားပါတယ်။

Humanoid robots to join chip production factories for the first time

RoBee က ရှုပ်ထွေးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်သလို လက်ရှိစက်ပစ္စည်းတွေနဲ့ တွဲဖက်လုပ်ကိုင်တာ၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်တာနဲ့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုကို တိုးတက်စေတာတွေ လုပ်ဆောင်နိုင်ပါတယ်။

RoBee ဟာ စက်မှုလုပ်ငန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ နှစ်ခုစလုံးမှာ အသုံးပြုဖို့ အသိအမှတ်ပြုခံထားရတဲ့ တစ်ခုတည်းသော humanoid robot ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ စက်ရုံပတ်ဝန်းကျင်တွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လည်ပတ်နိုင်ဖို့အတွက် သူက AI ၊ real-time decision-making နဲ့ advanced sensor တွေကို အသုံးပြုထားပါတယ်။

Ref : Technology Innovation