အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၂၅ ခုမှာ TikTok ကို နိုင်ငံပိုင် စက်ပစ္စည်းတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ အခုတော့ ဒီပိတ်ပင်မှုကို အစိုးရကျောင်းတွေအထိ တိုးချဲ့လိုက်လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ တရုတ်အခြေစိုက် ByteDance ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စုဆောင်းခြင်း၊ Passwords နဲ့ အခြားအချက်အလက်တွေကို လေ့လာဖို့ Keystorkes တွေ Capturing လုပ်တာတွေကြောင့်ပါ။

TikTok ပိတ်ပင်မှုဟာ Auburn တက္ကသိုလ်၊ ဂျော်ဂျီယာ တက္ကသိုလ်၊ အိုကလာဟိုးမားပြည်နယ်တက္ကသိုလ်နဲ့ University of Texas, Austin အပါအဝင် အစိုးရပိုင် တက္ကသိုလ်ပေါင်း ဒါဇင်ကျော်ကို လမ်းကြောင်းမှန်ပေါ် ရောက်စေခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါသေးတယ်။

တချို့ကျောင်းတွေမှာ တက္ကသိုလ်ပိုင် စက်ပစ္စည်းတွေမှာ TikTok ကို ထည့်သွင်းခြင်းမပြုဖို့ တားမြစ်ထားပေမဲ့ တချို့ကျောင်းတွေကတော့ TikTok ကို ကျောင်းတွင်းကွန်ရက်တွေမှာ အသုံးပြုခွင့်မပေးပါဘူး။ တချို့ကျောင်းတွေကတော့ နည်းလမ်းနှစ်မျိုးစလုံးကို အသုံးပြုကြတယ်လို့ သိရပါတယ်။ TikTok ဟာ 2022 ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ဒေါင်းလုဒ် အများဆုံး App ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ TikTok ကို တက္ကဆက်ပြည်နယ် အော်စတင်မှာ ပိတ်ပင်ခဲ့ပြီးတဲ့နောက် ကျောင်းသားတွေနဲ့ ကျောင်းက ပါမောက္ခတွေက App ကို ကန့်သတ်ခြင်းကို တားမြစ်ဖို့ ပြောဆိုလာကြပါတယ်။ တက္ကသိုလ်က ဓာတုဗေဒ တွဲဖက်ပါမောက္ခ အသက် ၃၆ နှစ်အရွယ် Kate Biberdorf က “TikTok ကို သိပ္ပံပညာကို ပျော်စရာကောင်းအောင်၊ အသုံးချတတ်အောင် ပညာပေးကိရိယာတစ်ခုအနေနဲ့ အသုံးပြုကြောင်း၊ ဒါကို တက္ကသိုလ်ကနေ ဖယ်ထုတ်လိုက်တာဟာ အဆင်မပြေကြောင်း၊ သူတို့ရဲ့အသိုင်းအဝိုင်းမှာတော့ သူတို့ရဲ့အခွင့်အရေးတွေကို လုယူသွားသလိုခံစားရပြီး ဒီလိုလုပ်တာဟာ မှားယွင်းတဲ့လမ်းကြောင်းနောက်တစ်ခုဆီ တွန်းပို့လိုက်တာ ဖြစ်ကြောင်း” သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Biberdorf ဟာ App ရဲ့ ပရိသတ်တစ်ဦးဖြစ်ရုံသာမကဘဲ Kate the Chemist လို့ လူသိများတဲ့ Content creator လည်းဖြစ်ပြီး TikTok Follower 194,400 လည်း ရှိတယ်လို့ သိရပါတယ်။ ကျောင်းတက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ပြဇာတ်ပညာရေးမေဂျာက Grace Featherston ကတော့ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုပိုင်ဆိုင်တဲ့ App ကို အသုံးပြုတာနဲ့ပတ်သက်ပြီး လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချနိုင်သင့်တယ်လို့ ပြောပါတယ်။ “ဒါက အမေရိကန် နိုင်ငံသားတွေရဲ့ ရွေးချယ်မှုပဲ” လို့ ဆိုပါတယ်။

Ref: Phone Arena