ဓါတ်ပုံထဲက စာတွေ၊​ အရာဝတ္ထုတွေကို သိရှိနိုင်တဲ့ Feature ဟာ ယခင်တုန်းက Google ကနေ ထုတ်ပေးထားတဲ့ Google Lens တစ်ခုပဲရှိနေခဲ့တာဖြစ်ပါတယ်။​ အခုအချိန်မှာတော့ Apple ကပါ Live Text Feature ကို iOS 15 Update မှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Live Text Feature ဟာ iOS 15 တင်ထားတဲ့ iDevice တွေရဲ့ Camera မှာအမြဲတမ်းအလုပ်လုပ်နေမှာဖြစ်ပြီး တချို့သော စာတွေ၊ အရာဝတ္ထုတွေဆိုရင် ကင်မရာချိန်လိုက်တာနဲ့ သိရှိနိုင်မှာဖြစ်ပါတယ်။​ အထူးသဖြင့် စာသားတွေဆိုရင် iOS 15 ရဲ့ Live Text ဟာ တကယ်ကို အဆင်ပြေပြေနဲ့ Scan ဖတ်ယူနိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် အခု TikTok မှာ Yann Bernillie ဆိုတဲ့နာမည်နဲ့ အသုံးပြုသူတစ်ယောက်က တင်ထားတဲ့ Video အရတော့ iOS 15 ရဲ့ Live Text Feature ဟာ ကျောင်းသားတွေအတွက် ပိုပြီးအသုံးဝင်နေပုံပါပဲ။​ ဘာကြောင့်လဲဆိုရင် iPhone Camera နဲ့ တခြားကျောင်းသားရဲ့ ကွန်ပျူတာမှာ ရေးထားတဲ့စာတွေကို ဓါတ်ပုံရိုက်ပြီး Live Text နဲ့ ပြန်လည်ကြည့်ရှုနိုင်တဲ့အထိိကို စွမ်းဆောင်ရည်ကောင်းမွန်နေတာကြောင့်ဖြစ်ပါတယ်။​

အဲ့ဒါကြောင့် iOS 15 ရဲ့ Text Recognition Algorithm ဟာ စွမ်းဆောင်ရည်မြင့်မားပြီး အခုလိုမျိုးနေရာတွေမှာပါ အသုံးချနိုင်စေမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သင်လည်း ကျောင်းသားတစ်ယောက်ဆိုရင် အခု iOS 15 ရဲ့ Live Text Feature ကို ကျိန်းသေအသုံးပြုသင့်ပါတယ်။​

တစ်ခုရှိတာကတော့ iOS 15 ရဲ့ Live Text Feature ကို အသုံးပြုဖို့အတွက် iOS 15 တင်ထားရုံတင်မဟုတ်ဘဲ အသုံးပြုတဲ့ iDevice က အနည်းဆုံး A12 Bionic Chip နဲ့အထက်ဖြစ်နေဖို့ လိုအပ်ပါတယ်။​

Ref – Beebom