T-Mobile ရဲ့ Customer တွေဟာ SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို အမေရိကန်မှာ အသုံးပြုနိုင်ပါပြီ။ T-Mobile Starlink ကို SpaceX နဲ့ ပူးပေါင်း ပြုလုပ်ပေးတာ ဖြစ်ပြီး အမေရိကန်မှာ Cell Tower လွှမ်းခြုံမှု မရှိတဲ့ ၅၀၀,၀၀၀ စတုရန်းမိုင်မှာ Cell Coverage ကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ ဖုန်း မလိုဘဲ လက်ရှိဖုန်းမှာ အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူရဲ့ဖုန်းမှာ ဘာမှ လုပ်စရာလည်း မလိုပါဘူး။ Beta အစီအစဉ်မှာ Sign Up လုပ်လိုက်တာနဲ့ ဂြိုလ်တု အင်တာနက်ကို အသုံးပြုနိုင်ပါတယ်။
Starlink နဲ့ ချိတ်ဆက်လိုက်တာနဲ့ Message ပေးပို့ လက်ခံနိုင်မှာပါ။ ဓါတ်ပုံ ပို့တာ၊ Voice Call ပြောတာနဲ့ အင်တာနက် သုံးတာကို နောက်ပိုင်းမှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
T-Mobile Starlink ကို Sign Up လုပ်ပြီးတာနဲ့ ဇူလိုင်လအထိ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ T-Mobile Customer တွေတင်သာမကဘဲ AT&T နဲ့ Verizon Customer တွေဟာလည်း Beta အစီအစဉ်မှာ ပါဝင်နိုင်ပြီး ဇူလိုင်လအထိ အခမဲ့ အသုံးပြုနိုင်ပါတယ်။
အစမ်းကာလပြီးတဲ့နောက်မှာ T-Mobile Go5G Subscriber တွေဟာ အခမဲ့ ဆက်လက် အသုံးပြုနိုင်ပါတယ်။ တခြား T-Mobile Customer တွေဟာ တစ်လကို ၁၅ ဒေါ်လာနဲ့ ဝယ်ယူ အသုံးပြုရမှာ ဖြစ်ပါတယ်။
Ref: gsmarena