Tecno က Pop Series တန်ဖိုးနည်း ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Tecno Pop 8 လို့ အမည်ပေးထားပြီး Pop 7 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Tecno Pop 8 မှာ 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး အရင်မျိုးဆက်ထက် ပိုကောင်းတဲ့ ကင်မရာတွေ ပါလာသလို RAM နဲ့ Storage လည်း ပိုများလာပါတယ်။

Tecno Pop 8 is official with 90Hz display and 5,000 mAh battery

Tecno Pop 8 မှာ 6.6” LCD 720p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာကို Punch Hole Cutout မှာ ထည့်သွင်းထားပါတယ်။ ထိပ်ဖက်မှာ Flash ၂ လုံး တပ်ဆင်ထားပါတယ်။ Punch Hole Cutout ပတ်လည်က ဧရိယာမှာ အားသွင်းနှုန်းနဲ့ အသုံးဝင်တဲ့ Notification တွေကို ပြသပေးတဲ့ Dynamic Port လုပ်ဆောင်ချက် ပါပါတယ်။

Tecno Pop 8 goes official, offers 90Hz display, 5000mAh battery

အနောက်ဘက်မှာ 13MP Main နဲ့ AI ကင်မရာ တပ်ဆင်ထားပြီး LED Flash ၂ လုံး ပါပါတယ်။ Unisoc T606 Chipset မောင်းနှင်ထားပြီး 3/4GB RAM နဲ့ 64/128GB Storage ထည့်သွင်းထားပါတယ်။ microSD Card Slot လည်း ပါပါတယ်။ Android 13 Go Edition မောင်းနှင်ထားပြီး 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Tecno Pop 8 မှာ Mystery White, Alpenglow Gold , Magic Skin နဲ့ Gravity Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် အိန္ဒိယမှာ ၇,၀၀၀ ရူပီး (၈၅ ဒေါ်လာ)နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena