Tecno က မကြာခင်က Spark 30 ကို ကြေညာခဲ့ပြီး အခုတော့ Spark 30 Pro ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ 4.5G (LTE Advanced) ဆက်သွယ်မှု ပါလာပြီး Tecno ရဲ့ AI Features  တွေ ထည့်သွင်းထားပါတယ်။

Tecno Spark 30 Pro is launched, gets Transformers makeover

Spark 30 Pro မှာ 6.78” AMOLED FullHD+ Display ပါလာပြီး 120Hz Refresh Rate နဲ့ 1,700 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Punch Hole မှာ 13MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။

Tecno Spark 30 Pro is launched, gets Transformers makeover

အနောက်ဘက်မှာ 108MP Main နဲ့ AI ကင်မရာ တပ်ဆင်ထားပြီး AI ကင်မရာဟာ Portrait Photo တွေမှာ နောက်ခံဝါးအောင် ထောက်ကူပေးတဲ့ Depth Sensor ဖြစ်နိုင်ပါတယ်။

Tecno Spark 30 Pro is launched, gets Transformers makeover

MediaTek Helio G100 Chipset မောင်းနှင်ထားပြီး G99 ထက် ပိုစွမ်းရည်မြင့်မားပါတယ်။ 8GB RAM နဲ့ 128GB, 256GB Storage ထည့်သွင်းထားပါတယ်။ Tecno က AI စွမ်းရည်တွေအတွက် တကယ်ဂုဏ်ယူနေပြီး တချို့ကို Spark 30 Pro မှာ ထည့်သွင်းထားပါတယ်။ Android14 အခြေပြု HIOS မောင်းနှင်ထားပါတယ်။

Google Gemini မောင်းနှင်ထားတဲ့ Voice Assistant ထည့်သွင်းထားပြီး AI Wallpaper နဲ့ AI Artboard ပါပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ Obsidian Edge (Black) နဲ့ Arctic Glow (White) အရောင်ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Tecno က Spark 30 Pro အတွက် Transformers Edition ကိုလည်း ထုတ်လုပ်ထားပါတယ်။

Ref : gsmarena