Tecno က Spark Go 2024 အမည်ရ တန်ဖိုးနည်း စမတ်ဖုန်းကို မလေးရှားမှာ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ မလေးရှား ဝက်ဘ်ဆိုက် ကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။ တန်ဖိုးနည်းစမတ်ဖုန်း ဖြစ်ပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Tecno Spark Go 2024 Now Available For RM399 - Lowyat.NET

Tecno Spark Go 2024 မှာ 6.6” Hole Screen မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ HD+ Resolution (720×1612 Pixels) ထောက်ပံ့ထားပါတယ်။ Android T-Go Operating System မောင်းနှင်ထားပြီး Unisoc T606 Processor ပါပါတယ်။

အနောက်ဘက်မှာ 13MP Main နဲ့ AI ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Low Light Photography အတွက် အရှေ့နဲ့ အနောက်မှာ LED Flashlight ၂ လုံးစီ ထည့်သွင်းထားပါတယ်။

Tecno Spark Go 2024

ဘေးဘက်လက်ဗွေရာ ကိရိယာ ၊ 4G ဆက်သွယ်မှု၊ စတီရီယို စပီကာ ၂ လုံး၊ Wi-Fi, Bluetooth(v5.0), GPS, OTG, နဲ့ FM Radio Support ပါလာပါတယ်။ 10W Charging ပါတဲ့ 5,000mAh Battery နဲ့ USB Type-C Port တပ်ဆင်ထားပါတယ်။

4GB RAM+4GB Extended RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ Gravity Black, Magic Skin, Alpenglow Gold နဲ့ Mystery White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref: gizmochina