အားလုံးသိတဲ့အတိုင်းပဲ Tecno ဟာ လာမဲ့ MWC 2023 ကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မှာပါ။ ကနဦးသတင်းတွေအရ ဒီပွဲကြီးမှာ Tecno ဟာ သူတို့ရဲ့ ဘယ်၊ ညာ ခေါက်နိုင်တဲ့ PHANTOM V Fold ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

PHANTOM V Fold မှာ MediaTek Dimensity 9000+ processor ကို အသုံးပြုထားမယ်လို့လည်း သိရပါတယ်။ PHANTOM ဟာ Tecno ရဲ့ ပရီမီယံ နည်းပြညာအမှတ်တံဆိပ်ခွဲ တစ်ခုလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းမွန်ပြီး၊ အဆင့်အတန်းမြင့်မားတဲ့ ပရီမီယံအမျိုးအစားသတ်မှတ်ချက်နဲ့ စမတ်ဖုန်းတွေကို ဒီအမှတ်တံဆိပ်နဲ့ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ PHANTOM V Fold နဲ့ MediaTek Dimensity 9000+ processor အတွဲအဖက်ဟာ ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ယူဆောင်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ MediaTek Dimensity 9000+ ဟာ Dual-5G processor ဖြစ်ပြီး AnTuTu ရမှတ် တစ်သန်းကျော်ရရှိထားတဲ့ Processor နှစ်ခုအနက်က တစ်ခု ဖြစ်ပါတယ်။

MediaTek ဟာ 4nm process ပေါ်အခြေခံထားတာကြောင့် ပါဝါသုံးစွဲမှုနည်းပါးပြီး စွမ်းဆောင်ရည် မြင့်မားတဲ့အတွက် ကြီးမားတဲ့မျက်နှာပြင်တပ်ဆင်ထားတဲ့ Foldable ဖုန်းတစ်လုံးအတွက် လိုက်ဖက်သင့်တော်တဲ့ Processor ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ MWC 2023 ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စတင်မှာဖြစ်ပြီး Tecno က PHANTOM V Fold ကို ၂၈ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်ကို မကြာခင်မှာ သိနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: Gizchina