[Unicode]

Tencent Games ဟာ ကမ္ဘာ့ အကြီးမားဆုံး Gaming ကုမ္ပဏီဖြစ်ပြီး နာမည်အရမ်းကြီးတဲ့ PUBG: Mobile နဲ့ Arena of Valor တို့ကို ဖန်တီးထားပါတယ်။ အဲဒီ ဂိမ်းတွေဟာ Mobile Gaming နယ်ပယ်မှာ အအောင်မြင်ဆုံး ဖြစ်နေပါတယ်။ Tencent Games ဟာ ကိုယ်ပိုင် Gaming ဖုန်း ဖန်တီးမယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ အခုတော့ ကုမ္ပဏီက Black Shark နဲ့ ပူးပေါင်းပြီး Gaming ဖုန်း ဖန်တီးမှာ ဖြစ်ပြီး Hardware နဲ့ Software ၂ ခုစလုံးမှာ ပါဝင် လုပ်ကိုင်မယ်လို့ ကြေညာလိုက်ပါတယ်။

Tencent က စမတ်ဖုန်း ထုတ်လုပ်သူနဲ့ ပူးပေါင်း အလုပ်လုပ်တာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Tencent Edition Asus ROG Phone ll ကို မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ Black Shark နဲ့ ပူးပေါင်းပြီး အလန်းစား Gaming ဖုန်းတွေ ထုတ်လုပ်မှာ ဖြစ်သလို Mobile Gaming ကို ပိုမို ကောင်းမွန်အောင် ဖန်တီးကြမှာ ဖြစ်ပါတယ်။

ကုမ္ပဏီ ၂ ခု ပူးပေါင်းထုတ်လုပ်မယ့် စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ Black Shark 3 ဟာ ကုမ္ပဏီ ၂ ခု ပူးပေါင်းထုတ်လုပ်မယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ Black Shark 3 မှာ 120Hz QHD Display နဲ့ Snapdragon 865 Chipset ပါလာမယ်လို့ ထင်ပါတယ်။ 5G မော်ဒယ်မှာ 16GB RAM အထိ ပါလာနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Tencent နဲ့ Black Shark တို့ ပူးပေါင်းပြီး Gaming ဖုန်း ထုတ်မည်




Ref : gsmarena