ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေကစားသမားပေါင်း သန်း ၆၀၀ လောက်ကစားနေတဲ့ PUBG ဂိမ်းမှာ Hacker တွေလည်း နည်းတာမဟုတ်ပါဘူး။ ပုံမှန်ကစားသူတွေကြားမှာ Cheater တွေကတော့ မုန်းစရာဖြစ်နေတာ အမှန်ပါပဲ။ ဒါပေမယ့်၂၀၂၁ နှစ်ဦးပိုင်းမှာ Tencent က ရှင်းလင်းရေးတွေလုပ်နေတာကို တွေ့မြင်ရပါပြီ။

Hacker တွေကလည်း Cheat ပြီးကစားနိုင်ဖို့အတွက် Bugs တွေကို အကျိုးရှိရှိအသုံးချတဲ့နည်းလမ်းသစ်တွေကို ဆက်ပြီးတီထွင်နေတုန်းဖြစ်ပါတယ်။ Tencent ကလည်း Cheater တွေကို ဆက်ပြီးနှိပ်ကွပ်နေတုန်းပါ။ ဒါပေမယ့် ဘယ်လောက်ပဲ နှိပ်ကွပ်ပါစေ၊ Cheater တွေကလည်း မျိုးသုဉ်းသွားရိုးထုံးစံမရှိပါဘူး။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ထိပြုလုပ်ခဲ့တဲ့ နောက်ဆုံး Anti-Cheating အစီရင်ခံစာအရ Tencent ဟာ Hacks နဲ့ Cheats ကို အသုံးပြုတဲ့အကောင့်ပေါင်း ၁၂ သိန်းကျော် (1,217,342) ကို အပြီးတိုင်ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒီထဲကမှ ၄၈% ဟာ Auto-aim hacks ဒါမှမဟုတ် သူတို့ရဲ့ Character model တွေကို ပြောင်းလဲထားတာတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

၂၂% ကတော့ X-ray vision ယူကြပြီး၊ 12% ကတော့ Speed hacks ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ကျန်တဲ့ ၇% ကတော့ Area damage ကို Hacks ကြတာဖြစ်ပါတယ်။ အပိုင်းလိုက်ဆိုရင်တော့ Bronze 38%, Silver 11%, Gold 9%, Platinum 11%, Diamond 12%, Crown 10%, Ace 6% နဲ့ Conqueror 3% တို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အခု Ban လိုက်တဲ့ ပမာဏ ၁၂ သိန်းကျော်ဟာ ၆ ရက်တာကာလအတွင်းသာဖြစ်ပါတယ်။

Ref: Gizmochina