Tesla ဟာ AI စွမ်းအင်သုံး လူသားဆန်တဲ့ စက်ရုပ်တွေ ဖန်တီးနေပါတယ်။ Google ကလည်း သူ့ရဲ့ AI brain ကို Bot body အဖြစ်ပေးချင်နေပါတယ်။ စက်ရုပ်တွေဟာ လျင်မြန်စွာရွေ့လျားနေပြီး နေ့စဉ်နဲ့အမျှ Droid တွေက လူသားနဲ့ ပိုတူလာပါတယ်။

အိမ်မှာ စက်ရုပ်တစ်ရုပ်ကို Roomba နဲ့ချိတ်ပြီး ကြမ်းပြင်တစ်ဝိုက် ဖုန်မတက်အောင် ကင်းစောင့်ခိုင်းလို့ရပါတယ်။ အခုတော့ ဉာဏ်ရည်တုနဲ့ စက်ယန္တရားသင်ယူမှုတွေကြောင့် စက်ရုပ်တွေဟာ ပိုမိုထက်မြက်ပြီး လူသားလည်း ပိုဆန်လာပါတယ်။ တစ်ချိန်မှာ ခြေနှစ်ချောင်းနဲ့ စက်ရုပ်တွေဟာ လူသားတွေအတွက် အိမ်အကူအနေနဲ့ လှည့်လည်သွားလာနေမယ်ဆိုတာ အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။

၂၀၂၂ ခုနှစ်မှာ စက်ရုပ်လောကဟာ ကြီးမားတဲ့အရှိန်အဟုန်နဲ့ ရှေ့ကိုတိုးလာတာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ Tesla ရဲ့ 2022 AI Day မှာ ကုမ္ပဏီဟာ သူ့ရဲ့ Tesla Bot လို့ခေါ်တဲ့ ပထမဆုံး ရှေ့ပြေးပုံစံဖြစ်တဲ့ Optimus ကို ပြသခဲ့ပါတယ်။ လူသားအတိုင်း လမ်းလျှောက်နိုင်တဲ့ပုံစံဖြစ်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ Optimus ဗားရှင်းဟာ ပိုပြီးတော့ အဆင့်မြင့်လာတာကိုလည်း တွေ့နိုင်ပါတယ်။

Optimus ဟာ Tesla ရဲ့ Self-driving AI လို တည်ဆောက်ထားပေမဲ့ လမ်းညွှန်ပုံစံတွေ၊ မီးပွိုင့်တွေကို နားလည်ဖို့ ဒီဇိုင်းထုတ်ရမဲ့အစား ကမ္ဘာကြီးရဲ့ ကျန်တဲ့အရာတွေနဲ့ ညှိနှိုင်းဖို့၊ နေ့စဉ်အရာဝတ္ထုတွေနဲ့ လူသားတွေကို ထောက်လှမ်းဖို့ ပြောင်းလဲထားပါတယ်။ Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk က အဆိုပါစက်ရုပ်ဟာ “တစ်နေ့မှာ မိဘတွေအတွက် အိမ်တွင်းအထောက်အကူဖြစ်စေမဲ့ လက်ဆောင်အနေနဲ့ ဝယ်ပေးနိုင်အောင်” ဒီဇိုင်းထုတ်ထားတယ်လို့ ပြောပါတယ်။

Tesla ဟာ သူ့ရဲ့ AI ကို ရုပ်ပိုင်းဆိုင်ရာပုံစံအဖြစ် ထည့်သွင်းထားခြင်း မဟုတ်ပါဘူး။ Google က သူ့ရဲ့အဆင့်မြင့် စက်ယန္တယားသင်ယူမှု (Machine learning) ဦးနှောက်ကို စက်ရုပ်ကိုယ်ထည်အဖြစ်ပေးခြင်းနဲ့အတူ စက်ရုပ်လောကကို ပြန်လည်ပုံဖော်နေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ Google ဟာ သူ့ရဲ့ AI နည်းပညာကို Palm Say-Can လို့ခေါ်တဲ့ Everyday Robots (Google ရဲ့ X initiative အဖြစ် တည်ထောင်ထားတဲ့ကုမ္ပဏီ) က ဖန်တီးထားတဲ့ စက်ရုပ်တွေအဖြစ် ထည့်သွင်းခဲ့ပါတယ်။ “ဒါဆိုရင် ဒါပဲ” ဆိုတဲ့ အမိန့်ပေးမှုပုံစံနဲ့ တည်ဆောက်မဲ့အစား စက်ရုပ်ဦးနှောက်က စက်ယန္တယားသင်ယူမှုနဲ့အတူ “ငါ ဗိုက်ဆာနေပြီ” လို့ပြောလိုက်ရင် နောက်ဆက်တွဲဖြေရှင်းမှုအဆင့်တွေပါ လုပ်လာနိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Ref: CNet