Tesla ကားပိုင်ရှင်တချို့ဟာ ပူပြင်တဲ့ နွေရာသီမှာ အားအဝင် မြန်စေဖို့ Supercharger ကြိုးလက်ကိုင်မှာ ရေစို လက်ကိုင်ပဝါနဲ့ အဝတ်တွေ ပတ်ပြီး အားသွင်းနေကြတာ ဆယ်စုနှစ် ၁ ခု နီးပါး ရှိပါပြီ။ Tesla ကားပိုင်ရှင် တချို့က ဒီနည်းလမ်းဟာ 58 kW ကနေ 119 kW အထိ အားဝင်နှုန်း မြင့်မားတယ်လို့ ပြောပါတယ်။

Tesla urges not to wrap the Supercharger with a wet towel

ဒီနည်းလမ်းဟာ အားသွင်းစက်ထံသို့ ပေးပို့တဲ့ အပူချိန်ကို မှားယွင်းဖော်ပြတဲ့အတွက် အန္တရာယ် ရှိပါတယ်။ Tesla က ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှ မပြောခဲ့ပါဘူး။

အခုတော့ ကုမ္ပဏီရဲ့ အားသွင်းဌာနက “ ရေစို အဝတ်နဲ့ ပတ်ပြီး အားသွင်းတဲ့ နည်းလမ်းဟာ အားသွင်းနှုန်းကို တကယ် မမြန်စေပါဘူး။ အဲဒီလို မလုပ်သင့်ပါဘူး။ “ လို့ X လူမှုကွန်ရက်မှာ သတိပေးလိုက်ပါတယ်။

Putting a Wet Cloth on a Supercharger Handle Is a Big No-No, Tesla (Finally) Says - autoevolution

Tesla ရဲ့ Supercharger တွေမှာ အပူချိန်၊ လျှပ်စီးမှုနဲ့ ဗို့အား တို့ကို တိုင်းတာတဲ့ ဆန်ဆာများစွာ တပ်ဆင်ထားပါတယ်။ Supercharger ကြိုး လက်ကိုင်မှာ ရေစိုအဝတ်ပတ်တာဟာ အားသွင်းနှုန်းကို မမြန်စေဘဲ အပူလွန်ကဲတာနဲ့ ထိခိုက်ပျက်ဆီးတာတွေ ဖြစ်လာနိုင်တယ်လို့ ကုမ္ပဏီရဲ့ အားသွင်းဌာနက ပြောပါတယ်။ Supercharger ရဲ့ စနစ် မှန်ကန်စွာ အလုပ်လုပ်နိုင်ဖို့ အဲဒီလို မပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။

လျှပ်စစ်ကားတွေရဲ့ အားနည်းချက်က အားသွင်းချိန်ကြာမြင့်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကား ကုမ္ပဏီတွေက အားသွင်းမြန်တဲ့ နည်းပညာတွေကို တီထွင်နေကြပါတယ်။ ဒါပေမယ့် Charger မှာ ရေစို အဝတ်ပတ်ပြီး အားသွင်းတဲ့ အပြုအမူမျိုးကိုတော့ မလုပ်သင့်ပါကြောင်း သတိပေးလိုက်ပါတယ်။

Ref : insideevs