Tesla က ဂျာမနီမှာ ကမ္ဘာ့ ပထမဆုံး “Giga Train” လျှပ်စစ် ရထားကို ပြေးဆွဲပေးလိုက်ပြီး သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ခရီးသည် ၅၀၀ ကို Erkner ဘူတာရုံကနေ Tesla ရဲ့ Berlin Gigafactory ကို သယ်ယူပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Tesla's all-electric 'Giga Train' in Germany takes first trip

ရထားမှာ လူ ၁၂၀ အတွက် ထိုင်ခုံနဲ့ စက်ဘီးအတွက် နေရာတွေ ထည့်သွင်းထားပြီး Tesla ဝန်ထမ်းတွေရော၊ အများပြည်သူအတွက်ပါ အခမဲ့ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

Tesla Unveils First Electric 'Giga Train' in Germany

အဆိုင်း ၃ ဆိုင်း အလုပ်ဆင်းရတဲ့ ဝန်ထမ်း ၄,၅၀၀ ကို သယ်ယူပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပြီး Giga Train ဟာ Tesla ရဲ့ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ကို အသုံးချမယ့် စီမံကိန်းရဲ့ အဓိက ကျတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

လျှပ်စစ်ရထားကို ပြေးဆွဲခြင်းအားဖြင့် Tesla ဟာ နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု တန် ၅၀ သက်သာမယ်လို့ ခန့်မှန်းထားပါတယ်။ Tesla ဟာ အခုလို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ သယ်ယူပို့ဆောင်ရေ စနစ်ကို တစ်ကမ္ဘာလုံးမှာ ပြုလုပ်ပေးဖို့ စီစဉ်ထားပါတယ်။

Ref : startup lahore