Tesla ဟာ Cybertruck အတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို ဖြစ်နေပါတယ်။ ကုမ္ပဏီဟာ အမေရိကန်မှာ Cybertruck ကို ဒေါ်လာ ၆,၀၀၀ အထိ ဈေးလျှော့ရောင်းချနေပါတယ်။ Foundation Series မော်ဒယ်တွေကို ဒစ်စကောင့် အပြည့်ပေးထားပြီး Non-Foundation Series မော်ဒယ်တွေကို ဒေါ်လာ ၅,၁၀၀ အထိ ဈေးလျှော့ပေးထားပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ် မော်ဒယ် အသစ်တွေအတွက် ဖြစ်ပါတယ်။

Tesla ramps up Cybertruck production, large fleet spotted | Electrek

၂၀၂၄ ခုနှစ်မှာ Cybertruck ဟာ Model 3 နဲ့ Model Y ပြီးနောက် Tesla ရဲ့ တတိယ ရောင်းအား အကောင်းဆုံး ကား ဖြစ်ခဲ့ပါတယ်။ Tesla ဟာ ၂၀၂၄ ခုနှစ်မှာ Cybertruck အစီးရေ ၃၈,၉၆၅ ရောင်းချနိုင်ခဲ့ပြီး Model S နဲ့ Model X ထက် ပိုများပေမယ့် Cybertruck ကားတွေဟာ အမေရိကန်နဲ့ ကနေဒါ မှာ ရောင်းမကုန်ဘဲ ပုံနေပါတယ်။

အဲဒါကြောင့် Tesla ဟာ Cybertruck ကားတွေကို ဈေးလျှော့ရောင်းချပေးနေတာလို့ သတင်းထွက်လာပါတယ်။ ကုမ္ပဏီဟာ မရောင်းရသေးတဲ့ Cybertruck ကား အစီးရေ ထောင်ဂဏန်း ရှိနေတယ်လို့ သိရပါတယ်။

Cybertruck ဟာ Tesla ရဲ့ စွမ်းရည်မြင့် ကား ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး All-wheel-drive Version ကို ဒေါ်လာ ၇၉,၉၉၀ နဲ့ ပိုစွမ်းရည်မြင့်တဲ့ Cyberbeast ကို ဒေါ်လာ ၉၉,၉၉၀ သတ်မှတ်ထားပါတယ်။

Ref: Technology Innovation