အမေရိကန် ပြည်ထောင်စု မစ်ချီဂန်က အမျိုးသား ၁ ယောက်ဟာ ကားသော့ ပျောက်မှာ ပူစရာ မလိုတော့ပါဘူး။ ဘာလို့လည်း ဆိုတော့ သူဟာ Tesla ကားကို တံခါးဖွင့်ဖို့နဲ့ စက်နှိုးဖို့ Chip ကို လက်ထဲမှာ ခွဲစိပ်ထည့်သွင်းထားလို့ ဖြစ်ပါတယ်။

Screenshot of Tesla fob chip being inserted into hand

Brandon Dalaly ဆိုသူဟာ ဒေသတွင်းက တက်တူးနဲ့ ကိုယ်ခန္တာမှာ အပေါက်ဖောက်ကာ အလှဆင်တဲ့ ဆိုင် ၁ ခုမှာ Chip ကို လက်ထဲ ထည့်သွင်းထားတာပါ။ အခုဆိုရင် သူဟာ ကားတံခါးနားမှာ လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ တံခါး ဖွင့်နိုင်ပါပြီ။

Tesla Owner Unlocks His Car With Chip IN HIS HAND - Saying His Phone's Bluetooth Doesn't Always Work - Public News Time

Dalaly က သင့်လက်ဟာ ပျောက်ဆုံးစရာ အကြောင်း မရှိတဲ့အတွက် ကားထဲကို အမြဲဝင်နိုင်မှာပါလို့ ပြောပါတယ်။

သူ့ကို Elon Musk ရဲ့ Fan အကြီးစားကြီးလို့ အွန်လိုင်းမှာ လှောင်ပြောင်မှုတွေ ရှိပေမယ့်လည်း သူကတော့ ကျေနပ်နေပုံရပါတယ်။ Dalaly က သူဟာ နည်းပညာကို ဝါသနာပါသူ ဖြစ်ပြီး Credit Card တွေနဲ့ အလုပ်လုပ်နိုင်အောင် Chip ကို အဆင့်မြှင့်ချင်တယ်လို့ ပြောပါတယ်။

သူဟာ တခြား လက်  ၁ ဖက်မှာ Chip ၁ ခုကို ထည့်သွင်းထားပြီး နေအိမ် တံခါးကို ဖွင့်နိုင်ပါတယ်။ အဲဒီ Chip မှာ Covid ဆေးထိုးမှတ်တမ်းလို သူ့ရဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေလည်း ထည့်သွင်းထားပါတယ်။

Ref : kktv