အမေရိကန် ကားထုတ်လုပ်သူ Tesla ဟာ ကမ္ဘာ့ အကြီးမားဆုံး လျှပ်စစ်ကား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာခင်က သတင်းအရ Tesla ဟာ ကားထုတ်လုပ်မှု တိုးတက်လာတယ်လို့ သိရပါတယ်။ ရှန်ဟိုင်း၊ ဘာလင်နဲ့ တက္ကဆပ်က စက်ရုံတွေကို အဆင့်မြှင့်လိုက်တဲ့အတွက် အခုလို တိုးတက်လာတာပါ။ ကုမ္ပဏီရဲ့ ကားထုတ်လုပ်မှုဟာ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စံချိန်တင် မြင့်မားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကားရောင်းအားလည်း တက်လာပါတယ်။

Tesla Model Y electric cars

လေ့လာဆန်းစစ်သူတွေက Tesla ဟာ ကွာတား ၃ မှာ ကားအစီးရေ ၃၅၀,၀၀၀ ကနေ ၃၇၀,၀၀၀ အကြား ရောင်းချရတယ်လို့ ပြောပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် ဒါဟာ ကုမ္ပဏီအတွက် စံချိန်တင် ရောင်းအား ဖြစ်ပါတယ်။ ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာလည်း Tesla ဟာ စံချိန်တင် ရောင်းအား ကောင်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကွာတား ၁ မှာ Tesla ဟာ ကားအစီးရေ ၃၁၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

Tesla Model S - Wikipedia

Tesla ဟာ နှစ်တိုင်း ကွာတား အကုန်မှာ ရောင်းအား တက်လေ့ရှိပါတယ်။ ဒီနှစ် ကွာတား ၃ မှာလည်း အလားတူ ဖြစ်ပြီး Tesla ဟာ ကွာတား ၃ ရောင်းအား တက်လိမ့်မယ်လို့ ကြိုတင် ပြောကြားထားတယ်လို့ သတင်းထွက်နေပါတယ်။

Tesla ဟာ ကွာတား ၃ မှာ ရောင်းအား စံချိန်တင် တက်ခဲ့တဲ့အတွက် ဝင်ငွေလည်း ကောင်းမှာပါ။ အခု ဆိုရင် ကွာတား ၃ ကုန်ပြီ ဖြစ်တဲ့အတွက် Tesla ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ရမှာပါ။

Ref : gizchina