Unicode

လက်ရှိမှာ အအောင်မြင်ဆုံး လျှပ်စစ်ကားကုမ္ပဏီဖြစ်တဲ့ Tesla ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လတုန်းက SUV အမျိုးအစားဖြစ်တဲ့ Model Y ကားအသစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Model Y ကို မိတ်ဆက်တဲ့အချိန်တုန်းက လာမယ့် ၂၀၂၁ ခုနှစ်မှ ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ လာမယ့် မတ်လဆိုရင် Customer တွေဆီကို ပို့ပေးနိုင်ပြီလို့ Tesla ကနေ ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒါက Tesla ကုမ္ပဏီအတွက်တော့ ထူးခြားတဲ့သတင်းတစ်ခုဖြစ်ပြီးတော့ အစောပိုင်း Model 3 ကားမော်ဒယ်တွေ စတင်ရောင်းချတုန်းက ကတိပေးထားတဲ့အချိန်ထက် နောက်ကျပြီးမှ Pre-order ဝယ်ယူထားတဲ့သူတွေကို ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Tesla အနေနဲ့ ဒီ Model Y SUV တွေကို ထုတ်လုပ်တဲ့နေရာမှာ အခက်အခဲကြုံတွေ့ရတာ နည်းပါးသွားပုံရပါတယ်။

ဒါကလည်း Tesla Model Y ဟာ SUV ကားအမျိုးအစားဖြစ်ပေမယ့် Design ပိုင်းရဲ့ ၇၅ ရာခိုင်နှုန်းဝန်းကျင်က လက်ရှိ Model 3 နဲ့ ဆင်တူနေတာကြောင့်ဖြစ်နိုင်ပါတယ်။ နောက်ထပ် အားရဖို့ကောင်းတာက Tesla Model Y ကို မိတ်ဆက်တုန်းက Long Range Version အတွက် တစ်ကြိမ်အားသွင်းပြီး သွားနိုင်မယ့်နှုန်းက ၂၈၀ မိုင် ရှိမယ်လို့ ပြောကြားခဲ့ပေမယ့် အခုတော့ Long Range Version နဲ့ Performance Version ၂ မျိုးစလုံး ၃၁၅ မိုင်အထိ တစ်ကြိမ်အားသွင်းရုံနဲ့ မောင်းနှင်နိုင်မယ်ဆိုပြီး ပြင်ဆင်ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး Model Y ဟာ ဘာကြောင့် နောက်ထပ် ၃၅ မိုင်လောက် ပိုပြီးသွားနိုင်သလဲဆိုတာကိုတော့ Tesla ကနေ ပြောကြားချင်းမရှိပေမယ့် All-wheel Drive (AWD) Engineering စနစ်ကို Improve လုပ်နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဖြစ်နိုင်တာတစ်ခုကတော့ System ပိုင်းထက် ယခင် Tesla ကားတွေကို အဆင့်မြှင့်တင်ခဲ့သလိုမျိုးပဲ Software ပိုင်းပိုပြီး Optimize ပြုလုပ်နိုင်တဲ့အတွက် အခုလိုမျိုး ၃၁၅ မိုင်အထိ မောင်းနှင်နိုင်တာဖြစ်ဖို့များပါတယ်။

Tesla Model Y SUV ဟာ စျေးနှုန်းအနေနဲ့ကတော့ Long Range Version ကို MSRP $52,990 (မြန်မာငွေ ၇၇၅ သိန်းဝန်းကျင်) နဲ့ Performance Version ကို MSRP $60,990 (မြန်မာငွေ သိန်း ၉၀၀ ဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ Tesla ကနေ စျေးနှုန်း $40,000 အောက်ပဲ ကျသင့်မယ့် Standard Version ကိုတော့ လာမယ့် ၂၀၂၁ မှာ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – The Verge

Zawgyi

လက္ရွိမွာ အေအာင္ျမင္ဆုံး လွ်ပ္စစ္ကားကုမၸဏီျဖစ္တဲ့ Tesla ကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ မတ္လတုန္းက SUV အမ်ိဳးအစားျဖစ္တဲ့ Model Y ကားအသစ္ကို မိတ္ဆက္ျပသခဲ့ပါတယ္။ Model Y ကို မိတ္ဆက္တဲ့အခ်ိန္တုန္းက လာမယ့္ ၂၀၂၁ ခုႏွစ္မွ ေရာင္းခ်သြားမယ္လို႔ ေျပာၾကားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ လာမယ့္ မတ္လဆိုရင္ Customer ေတြဆီကို ပို႔ေပးႏိုင္ၿပီလို႔ Tesla ကေန ေၾကညာလိုက္ၿပီျဖစ္ပါတယ္။

ဒါက Tesla ကုမၸဏီအတြက္ေတာ့ ထူးျခားတဲ့သတင္းတစ္ခုျဖစ္ၿပီးေတာ့ အေစာပိုင္း Model 3 ကားေမာ္ဒယ္ေတြ စတင္ေရာင္းခ်တုန္းက ကတိေပးထားတဲ့အခ်ိန္ထက္ ေနာက္က်ၿပီးမွ Pre-order ဝယ္ယူထားတဲ့သူေတြကို ေပးပို႔ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Tesla အေနနဲ႔ ဒီ Model Y SUV ေတြကို ထုတ္လုပ္တဲ့ေနရာမွာ အခက္အခဲႀကဳံေတြ႕ရတာ နည္းပါးသြားပုံရပါတယ္။

ဒါကလည္း Tesla Model Y ဟာ SUV ကားအမ်ိဳးအစားျဖစ္ေပမယ့္ Design ပိုင္းရဲ႕ ၇၅ ရာခိုင္ႏႈန္းဝန္းက်င္က လက္ရွိ Model 3 နဲ႔ ဆင္တူေနတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ေနာက္ထပ္ အားရဖို႔ေကာင္းတာက Tesla Model Y ကို မိတ္ဆက္တုန္းက Long Range Version အတြက္ တစ္ႀကိမ္အားသြင္းၿပီး သြားႏိုင္မယ့္ႏႈန္းက ၂၈၀ မိုင္ ရွိမယ္လို႔ ေျပာၾကားခဲ့ေပမယ့္ အခုၾကေတာ့ Long Range Version နဲ႔ Performance Version ၂ မ်ိဳးစလုံး ၃၁၅ မိုင္အထိ တစ္ႀကိမ္အားသြင္း႐ုံနဲ႔ ေမာင္းႏွင္ႏိုင္မယ္ဆိုၿပီး ျပင္ဆင္ေျပာၾကားခဲ့ပါတယ္။

ဒီလိုမ်ိဳး Model Y ဟာ ဘာေၾကာင့္ ေနာက္ထပ္ ၃၅ မိုင္ေလာက္ ပိုၿပီးသြားႏိုင္သလဲဆိုတာကိုေတာ့ Tesla ကေန ေျပာၾကားခ်င္းမရွိေပမယ့္ All-wheel Drive (AWD) Engineering စနစ္ကို Improve လုပ္ႏိုင္ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ျဖစ္ႏိုင္တာတစ္ခုကေတာ့ System ပိုင္းထက္ ယခင္ Tesla ကားေတြကို အဆင့္ျမႇင့္တင္ခဲ့သလိုမ်ိဳးပဲ Software ပိုင္းပိုၿပီး Optimize ျပဳလုပ္ႏိုင္တဲ့အတြက္ အခုလိုမ်ိဳး ၃၁၅ မိုင္အထိ ေမာင္းႏွင္ႏိုင္တာျဖစ္ဖို႔မ်ားပါတယ္။

Tesla Model Y SUV ဟာ ေစ်းႏႈန္းအေနနဲ႔ကေတာ့ Long Range Version ကို MSRP $52,990 (ျမန္မာေငြ ၇၇၅ သိန္းဝန္းက်င္) နဲ႔ Performance Version ကို MSRP $60,990 (ျမန္မာေငြ သိန္း ၉၀၀ ဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။ Tesla ကေန ေစ်းႏႈန္း $40,000 ေအာက္ပဲ က်သင့္မယ့္ Standard Version ကိုေတာ့ လာမယ့္ ၂၀၂၁ မွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

Ref – The Verge