Global Equities Research မှ လေ့လာ ဆန်းစစ်သူ ၁ ယောက်က Tesla ဟာ ဒီနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း စံချိန်တင် ကား ရောင်းချနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ Tesla ဟာ ကွာတား ၄ မှာ ကား အစီးရေ ၅၀၀,၀၀၀ ကျော် ရောင်းချနိုင်မယ်လို့ သုံးသပ်လိုက်ပါတယ်။
Tesla ရဲ့ ဖရီးမောင့် စက်ရုံကို လည်ပတ်ခဲ့တဲ့ လေ့လာဆန်းစစ်သူက အဲဒီစက်ရုံကနေ ကွာတား ၄ မှာ ကားအစီးရေ ၁၄၅,၀၀၀ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ရှန်ဟိုင်း စက်ရုံကနေ ၂၄၆,၀၀၀ နဲ့ ဘာလင်နဲ့ တက္ကဆပ် စက်ရုံတွေကနေ ကားအစီးရေ ၆၀,၀၀၀ စီ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ စုစုပေါင်း စက်ရုံအားလုံးကနေ ကားအစီးရေ ၅၁၁,၀၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
အခုအချိန်ဟာ ကွာတား ၃ မပြီးသေးတဲ့အတွက် Tesla ရဲ့ ထုတ်လုပ်မှုနဲ့ ရောင်းချမှုကို မသိရသေးပါဘူး။ လေ့လာဆန်းစစ်သူတွေက ကွာတား ၄ မှာ ကားအစီးရေ ၅၁၁,၀၀၀ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပြီး ကုမ္ပဏီရဲ့ စံချိန်တင် ရောင်းအား ဖြစ်လာမှာပါ။ အရင်နှစ် ကွာတား ၄ မှာ ကားအစီးရေ ၃၀၅,၈၄၀ ထုတ်လုပ်နိုင်ခဲ့ပြီး ဒီနှစ် ကွာတား ၁ မှာ ကားအစီးရေ ၃၁၀,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Tesla ဟာ နှစ်တိုင်း ကွာတား ၄ မှာ ကား ထုတ်လုပ်မှုနဲ့ ရောင်းချမှု အများဆုံး ဖြစ်လေ့ ရှိပါတယ်။ ဘာလင်၊ တက္ကဆပ်၊ ရှန်ဟိုင်းနဲ့ ဖရီးမောင့် စက်ရုံတွေဟာ ကားတွေ တိုးတက်ထုတ်လုပ်နေတဲ့အတွက် ကွာတား ၄ မှာ စံချိန်တင် ရောင်းအားတက်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
Ref : gizchina