Elon Musk က “We,Robot” Event မှာ မမျှော်လင့်ထားတဲ့ ကားအသစ်နဲ့ ပွဲတက်လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ ခရီးသည်တင် စက်ရုပ် ဗင်ကား ဖြစ်ပါတယ်။

Tesla Robovan

Tesla Robovan လို့ အမည်ပေးထားပြီး သမားရိုးကျ ဗင်ကားတွေနဲ့ လုံးဝ ကွဲပြားပါတယ်။ ရထားဒီဇိုင်းနဲ့ ဆင်တူပြီး ဘီးတွေကို မမြင်ရအောင် ဖျောက်ထားပါတယ်။ Musk က အဲဒီကားဟာ လူ ၂၀ အထိ တင်ဆောင်နိုင်သလို ကုန်ပစ္စည်းတွေလည်း သယ်ယူနိုင်တယ်လို့ ပြောပါတယ်။

Musk က “ Robovan ဟာ လူများစွာ တင်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အားကစား အသင်းတွေကို သယ်ယူပို့ဆောင်ပေးနိုင်သလို ကုန်ကျစားရိတ် ချွေတာချင်တဲ့ ခရီးသွားတွေအတွက်လည်း အဆင်ပြေပါတယ်။ Robovan က အဲဒီလူတွေအတွက်ပါပဲ။” လို့ ပြောပါတယ်။

Tesla's robovan is the surprise of the night - The Verge

Robovan ဟာ မောင်းသူမဲ့ Ridehailing Service ဖြစ်တဲ့ Tesla Network အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ထူးခြားတာက Tesla Cybercab Robotaxi ရဲ့ သတင်းတွေကို အရင်ကတည်းက သိထားပြီးပြီ ဖြစ်ပြီး Tesla Robovan ကိုတော့ “We, Robot” Event ကျမှပဲ သိရတာ ဖြစ်ပါတယ်။

Musk က Tesla Robovan ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : theverge