သြဂုတ်လ ဒုတိယလဝက် စတင်ပြီးသိပ်မကြာခင်မှာပဲ OPPO A92s နဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ် ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတကာဈေးကွက်ကို Reno4 Z 5G ဆိုတဲ့နာမည်နဲ့ ဖြန့်ချိမယ်ဆိုတဲ့ အကြောင်းပါ။ ဒီသတင်းက Global Certification Forum ကတစ်ဆင့် ထွက်ပေါ်လာတာပါ။

အခု သြဂုတ်လစတုတ္ထပတ်ထဲရောက်လာချိန်မှာ ထိုင်းနိုင်ငံ NBTC မှာလည်း တွေ့မြင်လာရပါပြီ။ ဒါကြောင့် GCF မှာ မော်ဒယ်နံပါတ် CPH2065 နဲ့ ဖော်ပြခဲ့တဲ့ ဟန်းဆက်ဟာ နိုင်ငံတကာဈေးကွက်အတွက် Reno သစ်ဆိုတာကို ထပ်မံပြီး အတည်ပြုနိုင်တာပဲ ဖြစ်ပါတယ်။

ဟန်းဆက်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလည်း အပြောင်းအလဲမရှိ တွေ့မြင်ရပါတယ်။ Dimensity 800 chipset သုံးထားတဲ့ ဒီဟန်းဆက်ဟာ 5G ချိတ်ဆက်မှုကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် 5G Reno ဟန်းဆက်သစ်ဆိုတာကိုလည်း ထပ်ပြီးအတည်ပြုနိုင်ပါပြီ။

မျက်နှာပြင်ဟာ 120Hz screen အမျိုးအစားဖြစ်ပါတယ်။ (AMOLED အစား LCD ပဲဖြစ်နိုင်ခြေရှိပါတယ်) 65W အမြန်အားသွင်းစနစ်လည်းပါဝင်ဖွယ်မရှိသလို 18W ကိုပဲထောက်ပံ့လာမယ်လို့ ယူဆရပါတယ်။ A92s ရဲ့ ဈေးနှုန်းကတော့ တရုတ်ပြည်တွင်းမှာ $320 ဝန်းကျင် (မြန်မာငွေ ၄သိန်း ၃သောင်း ဝန်းကျင်) ဖြစ်ပါတယ်။ Reno4 Z 5G ရဲ့ နိုင်ငံတကာဈေးကွက်အတွက် ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena