၂၀၂၅ ခုနှစ်မှာ ဓာတ်ခွဲခန်းထဲက စမ်းသပ်ချက်တွေကို လက်တွေ့ထုတ်ကုန်တွေ၊ နေ့စဉ်အလေ့အထတွေအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ မြို့ကြီး ၅ မြို့ ထွက်ပေါ်လာပါတယ်။ ကမ္ဘာ့ဉာဏပိုင်ဆိုင်မှုအဖွဲ့အစည်း (WIPO) က မူပိုင်ခွင့်တွေ၊ သုတေသန ရလဒ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အခြေခံပြီး ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း နေ့စဉ်လူနေမှုဘဝမှာ နည်းပညာကို လက်တွေ့အကျဆုံး အသုံးပြုနိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း နည်းပညာမြို့ကြီး ၅ မြို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

What it's like to live in the world's smartest cities for 2025

၁။ Shenzhen–Hong Kong–Guangzhou (တရုတ်)

ဒီဒေသကတော့ အဆင့် ၁ နေရာမှာ ရှိနေပါတယ်။ ဟာ့ဒ်ဝဲ အိုင်ဒီယာတွေကို လက်တွေ့ထုတ်ကုန်အဖြစ် လျင်လျင်မြန်မြန် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ QR Code နဲ့ ငွေပေးချေမှုတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုပိုင်းမှာ အလွန်လျင်မြန်တဲ့အတွက် လူသိများပါတယ်။

Top-10 Tech Cities in the World 2025, Check the List

၂။ Tokyo–Yokohama (ဂျပန်)

ဒုတိယနေရာမှာ ရပ်တည်နေပြီး ရှုပ်ထွေးတဲ့ စနစ်တွေကို လွယ်ကူချောမွေ့အောင် ဖန်တီးထားပါတယ်။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ လက်လီအရောင်းဆိုင်တွေမှာ စက်ရုပ်နည်းပညာတွေ၊ ဆင်ဆာတွေသုံးပြီး လူတွေ စိတ်ချယုံကြည်ရတဲ့ “Quiet Tech” စနစ်ကို တည်ဆောက်ထားပါတယ်။

၃။ San Jose–San Francisco (အမေရိကန်)

Startups တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းတဲ့ နေရာဖြစ်ပါတယ်။ လမ်းမတွေပေါ်မှာ မောင်းသူမဲ့ကားတွေကို တွေ့မြင်နိုင်ပြီး အိုင်ဒီယာသစ်တွေကို လက်တွေ့စမ်းသပ်မှုဆီ အမြန်ဆုံး ပို့ဆောင်နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

၄။ Beijing (တရုတ်)

Super Apps တွေနဲ့ နေ့စဉ်ဘဝကို လည်ပတ်နေတဲ့ မြို့ဖြစ်ပါတယ်။ ဖုန်းတစ်လုံးရှိရုံနဲ့ စာပို့တာ၊ ငွေချေတာ၊ ကားငှားတာနဲ့ ဝန်ဆောင်မှုအားလုံးကို တနေရာတည်းမှာ ရယူနိုင်ပြီး ဖုန်းကို မြို့ပြရဲ့ Remote Control တစ်ခုသဖွယ် အသုံးပြုကြပါတယ်။

၅။ Seoul (တောင်ကိုရီးယား)

နေ့စဉ်ဘဝ အဆင်ပြေချောမွေ့မှုကို ဦးစားပေးတဲ့ မြို့ဖြစ်ပါတယ်။ အင်တာနက်လိုင်း အလွန်မြန်ဆန်ပြီး ငွေသားမဲ့ ငွေပေးချေစနစ်တွေ၊ စမတ်ကျတဲ့ ဝင်ထွက်စနစ်တွေကြောင့် စောင့်ဆိုင်းချိန်နည်းပါးပြီး မြို့ပြဘဝကို ပိုမိုလွယ်ကူစေပါတယ်။

အဓိက ကောက်နုတ်ချက်

ဒီမြို့ကြီးတွေရဲ့ အောင်မြင်မှုကတော့ “အဆင့်မြင့်တယ်” ဆိုတာ ဂက်ဂျက်တွေ သက်သက်မဟုတ်ဘဲ လူတွေရဲ့ ဘဝကို ပိုရိုးရှင်းလွယ်ကူအောင် ဖန်တီးပေးတဲ့ စနစ်တွေ ဖြစ်တယ်ဆိုတာပါပဲ။ သုတေသန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လက်တွေ့ကျတဲ့ ဒီဇိုင်းတွေကို ပေါင်းစပ်နိုင်မှသာ နည်းပညာအိုင်ဒီယာတွေက တက္ကသိုလ်တွေထဲကနေ လမ်းမတွေပေါ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Ref : colombiaone