SpaceX ရဲ့ Starlink အင်တာနက် ဂြိုလ်တုတွေလို ကမ္ဘာပတ်လမ်းကြောင်းက ဂြိုလ်တုတွေရဲ့ အပျက်အဆီးတွေဟာ ကမ္ဘာမြေကို ပြုတ်ကျလာတဲ့အခါမှာ လေယာဉ်တွေကို ထိခိုက်လာနိုင်ပါတယ်။ British Columbia တက္ကသိုလ်ရဲ့ သုတေသန စစ်တမ်း အရ အာကာသမှ ဂြိုလ်တု အပျက်အဆီးတွေဟာ ကမ္ဘာကို ပြုတ်ကျလာတဲ့အခါမှာ အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် လူနေမှုထူထပ်တဲ့ အမေရိကန်၊ ဥရောပနဲ့ အာရှ-ပစိဖိတ်ကို ကျရောက်လာရင် လေယာဉ်တွေကို ထိခိုက်နှုန်းဟာ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။
သေးငယ်တဲ့ အပျက်အဆီးတွေကတောင် လေယာဉ်ကို များစွာ ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်။ အဲဒီအတွက် အနာဂတ်မှာ လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်းတာ၊ လေယာဉ်ပျံသန်းဖို့ အချိန်နောက်ဆုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် အာကာသမှ ဂြိုလ်တုတွေ ကမ္ဘာကို ပြုတ်ကျလာတဲ့အခါမှာ အောက်ပါ အန္တရာယ်တွေလည်း ဖြစ်နိုင်ပါတယ်။
💢ထိခိုက်ပျက်စီးမှု: အရွယ်အစားကြီးမားတဲ့ အပိုင်းအစတွေဟာ မြေပြင်ကို အရှိန်ပြင်းပြင်းနဲ့ ကျရောက်လာတဲ့အခါ အဆောက်အအုံတွေ၊ လမ်းတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေကို ပျက်စီးစေနိုင်ပါတယ်။ လူတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိမှန်ရင်လည်း အန္တရာယ်ရှိနိုင်ပါတယ်။
💢မီးလောင်မှု: ဂြိုလ်တုတွေမှာ လောင်စာတွေနဲ့ အခြားဓာတုပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။ ပြန်ဝင်လာတဲ့အချိန်မှာ အပူချိန်မြင့်မားတာကြောင့် ဒီပစ္စည်းတွေဟာ မီးလောင်နိုင်ပြီး ပေါက်ကွဲနိုင်ပါတယ်။ ဒါဟာ မြေပြင်မှာ မီးဘေးအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။
💢အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ: ဂြိုလ်တုတွေမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေထဲမှာ ဘယ်ရီလီယမ် (beryllium) လိုမျိုး အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။ ဒီပစ္စည်းတွေဟာ လေထုထဲ ဒါမှမဟုတ် မြေပြင်ကို ရောက်ရှိသွားရင် သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
💢ရေဒီယိုသတ္တိကြွမှု: နျူကလီးယားစွမ်းအင်သုံး ဂြိုလ်တုတွေဆိုရင် ရေဒီယိုသတ္တိကြွတဲ့ အပိုင်းအစတွေ ကမ္ဘာပေါ်ကို ကျရောက်လာနိုင်ပါတယ်။ ဒါဟာ ရေရှည်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
Ref : Tech Explorers