Asus က Dimensity 9000+ Chipset ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့အကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး တရားဝင် Teaser မှာ အဲဒီ စမတ်ဖုန်းကို Asus ROG Phone 6D Ultimate လို့ အမည်ပေးထားပါတယ်။

အဲဒီ စမတ်ဖုန်းကို စက်တင်ဘာလ ၁၉ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး မိတ်ဆက်ပွဲကို နယူးယောက်၊ ဘာလင်နဲ့ ထိုင်ပေမှာ တစ်ပြိုင်နက် ကျင်းပမှာ ဖြစ်ပါတယ်။

9000+ ဟာ ရိုးရိုး Chipset ထက် CPU အပိုင်းမှာ ၅ ရာခိုင်နှုန်းနဲ့ GPU အပိုင်းမှာ ၁၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ ဒါပေမယ့် AnTuTu က အစောပိုင်း စမ်းသပ်ချက်အရ ROG Phone 6D ဟာ Snapdragon 8 Gen 1+ ပါတဲ့ 6 Pro ထက် စွမ်းဆောင်ရည်က အနည်းငယ်ပဲ ပိုမြင့်တာတွေ့ရပါတယ်။ အဲဒါဟာ စုစုပေါင်း ရမှတ်ဖြစ်ပြီး CPU ရမှတ်က စမ်းသပ်ဖူးသမျှ Qualcomm Chip အားလုံးထက် ပိုမြင့်ပါတယ်။ ထုံးစံအတိုင်း အဲဒီ အစောပိုင်း ရလဒ်တွေဟာ အတည်ယူလို့ မကောင်းပါဘူး။

ASUS ROG Phone 6D with Dimensity 9000+ processor confirmed to launch globally on September 19th - Gizmochina

Dimensity 9000+ ရဲ့ တကယ့် စွမ်းဆောင်ရည်ကို မသိရသေးပါဘူး။ Xiaomi ဟာ အဲဒီ Chip အသစ် ပါတဲ့ 12 Pro ကို ကြေညာခဲ့ပေမယ့် မစမ်းသပ်ရသေးပါဘူး။ iQOO လို တခြား Brand တွေဟာလည်း အဲဒီ Chip အသစ် ပါတဲ့ ဖုန်းတွေကို ဖန်တီးနေတဲ့အတွက် မကြာခင်မှာ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref : gsmarena