တရုတ် စမတ်ဖုန်း ကုမ္ပဏီ Doogee ဟာ နောက်လမှာ အကြမ်းခံ စမတ်ဖုန်းနဲ့ တက်ဘလက် အသစ်တွေကို ကြေညာတော့မယ်လို့ ထင်ရပြီး အခုတော့ အဲဒီအထဲက စမတ်ဖုန်း ၁ လုံးရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Doogee V Max လို့ အမည်ပေးထားပြီး အမိုက်စား Specs တွေ ထည့်သွင်းထားကာ အကြမ်းဆုံးက ဘက်ထရီ ဖြစ်ပါတယ်။

Doogee V30, V30 Pro and Doogee V Max, V Max Pro in the works

Doogee V Max မှာ ၆.၅၈ လက်မ FullHD+ 120Hz IPS မျက်နှာပြင် တပ်ဆင်ထားပြီး Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ Notch မှာ 32MP ဆဲလ်ဖီးကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်ကို သားရေနဲ့ တူတဲ့ ဒီဇိုင်း ဖန်တီးထားပါတယ်။

The Doogee V Max with a whopping 22,000 mAh battery and Night Vision camera leaks - GSMArena.com news

အနောက်ဘက်မှာ 108MPMain , 20MP Night Vision နဲ့ 16MP Ultrawide ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Flash ၂ လုံးနဲ့ Infrared Night Vision Light ၂ လုံး ထည့်သွင်းထားပါတယ်။

Doogee V Max မှာ Dimensity 1080 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB UFS 3.1 Storage ပါလာပါတယ်။ Android 12 ထည့်သွင်းထားပြီး USB-C Port ပါပါတယ်။ အမိုက်ဆုံးက 22,000mAh ဘက်ထရီ ဖြစ်ပြီး 33W Charging ထောက်ပံ့ထားပါတယ်။ သာမန်သုံးရင် ဘက်ထရီ သက်တမ်းက ၆ ရက် ကနေ ၁၀ ရက်အထိ အသုံးခံပါတယ်။ ဘက်ထရီကြီးမားတဲ့အတွက် အထူက ၂၇.၃ မီလီမီတာတောင် ရှိပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 5G ဆက်သွယ်မှု ပါလာပါတယ်။ IP68/IP69 နဲ့ MIL-STD-810H စံနှုန်းတွေ ပါတဲ့အတွက် ရေစိုခံကာ အကြမ်းခံပါတယ်။ Sunshine Gold, Classic Black နဲ့ Moonshine Silver အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena