Apple ဟာ ပြီးခဲ့တဲ့ iPhone Pro မော်ဒယ် မျိုးဆက် ၂ ခုမှာ Dynamic Island ဆေးတောင့်ပုံ Cutout ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် Apple ရဲ့ ရေရှည် ရည်မှန်းချက်က Physical Display Cutout မပါတဲ့ All-screen iPhone ကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။

ကိုရီးယားမှ TheElec သတင်းဌာနရဲ့ သတင်းအရ All-screen iPhone ထွက်လာဖို့ အချိန်တော်တော်ကြာဦးမှာပါ။ TheElec က မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ပထမဆုံး iPhone ဟာ ၂၀၂၆ ခုနှစ်နောက်ပိုင်းကျမှ ထွက်လာမယ်လို့ ပြောပါတယ်။

iPhone 14 Leaks Reveal ProMotion Plans, Polarizing 'i' Cut-Out Display

LG Innotek ဟာ Freeform Optic Lens System ကို အသုံးပြုထားတဲ့ အဆင့်မြင့် မျက်နှာပြင်အောက်ကင်မရာတွေကို တီထွင်နေပါတယ်။ လက်ရှိ မျက်နှာပြင်အောက် ကင်မရာတွေရဲ့ ပြဿနာက အရည်အသွေးမြင့် ပုံရိပ်တွေရဖို့ အလင်းကောင်းကောင်း မရတာ ဖြစ်ပါတယ်။

LG Innotek ရဲ့ မျက်နှာပြင်အောက်ကင်မရာကတော့ အလင်းကောင်းကောင်းရပါတယ်။ Apple ဟာ သူ့ရဲ့ Suppliers တွေထံကနေ မျက်နှာပြင်အောက်ကင်မရာ နမူနာတွေကို ရရှိထားပြီးပြီ ဖြစ်ပေမယ့် စိတ်တိုင်းမကျသေးဘူးလို့ သိရပါတယ်။

DSCC's iPhone display roadmap

Display Supply Chain Consultants ရဲ့ CEO ဖြစ်တဲ့ Ross Young က Apple ဟာ ၂၀၂၅ ခုနှစ်မှာ iPhone Pro Series မှာ မျက်နှာပြင်အောက် Face ID Sensor ကို အသုံးပြုမှာ ဖြစ်ပြီး မျက်နှာပြင်အောက် ကင်မရာနဲ့ Face ID ပါတဲ့ ပထမဆုံး All-screen iPhone ကို ၂၀၂၇ ခုနှစ်ကျမှ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Ref : gsmarena