Apple ဟာ ဒီနှစ်နှောင်းပိုင်းမှာ Dual Punch Hole ဒီဇိုင်းအသစ် ပါတဲ့ iPhone 14 Pro Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ ရည်ရွယ်ချက်က အနာဂတ်ထုတ် ဖုန်းတွေမှာ မျက်နှာပြင်နေရာပိုများလာစေဖို့ မျက်နှာပြင်အောက် ကင်မရာကို အသုံးပြုဖို့ ဖြစ်ပါတယ်။

OTI Lumionics ConducTorr™ Electrode sketch

တောင်ကိုရီးယား မီဒီယာ TheElec က Samsung Display နဲ့ OTI Lumionics တို့ဟာ မျိုးဆက်သစ် မျက်နှာပြင်အောက် ကင်မရာကို ဖန်တီးနေပြီး နောက်နှစ်ထုတ်မယ့် Galaxy Z Fold5 မှာ ပထမဆုံး ထည့်သွင်းထားမှာ ဖြစ်ကာ နောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်ထုတ် Apple iPhone 15 Pro မော်ဒယ်တွေမှာ ပါလာမယ်လို့ ပြောပါတယ်။

Apple iPhone 15 Pro and iPhone 15 Pro Max - upcoming smartphones will be deprived of a SIM card slot

Cathode နဲ့ OLED Pixel Layers မှာ ဖောက်ထွင်းမြင်ရတဲ့ Windows ကို ပံ့ပိုးပေးတဲ့ Organic Cathode Patterning Material (CPM) မျိုးဆက်သစ်ကို ဖန်တီးထားတဲ့ OTI Lumionics နဲ့ Samsung Display ဟာ ပူးပေါင်းထားတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် မျက်နှာပြင်ဟာ လုံးဝ ဖောက်ထွင်းမြင်ရမှာ ဖြစ်ပြီး Apple က FaceID Sensors တွေကို မျက်နှာပြင်အောက်မှာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ IR Sensor က ပုံမှန်အတိုင်း အလုပ်လုပ်မှာ ဖြစ်ပြီး မျက်နှာပြင်မှာ Notch နဲ့ Cutout တွေကို ဖယ်ရှားထားနိုင်မှာ ဖြစ်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းအရ iPhone 15 Pro နဲ့ Pro Max မှာ Physical SIM Card Slot တွေ မပါလာနိုင်ဘဲ ဆက်သွယ်မှုအတွက် eSIM Card ၂ ခု ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ ဒီသတင်းမှန်မယ်ဆိုရင်တောင် Apple ဟာ eSIM မရတဲ့ နိုင်ငံတွေအတွက် Physical SIM Card Slot ပါတဲ့ iPhone မော်ဒယ်တွေကို ဆက်လက်ထုတ်လုပ်ရောင်းချရမယ်လို့ ထင်ပါတယ်။

Ref : gsmarena