ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှာ သံလိုက်အားနဲ့ ပြေးဆွဲတဲ့ Maglev ရထားတွေ တိုးတက်လာနေတဲ့ကြားကပဲ ပြင်သစ်နိုင်ငံရဲ့ သမားရိုးကျ TGV ရထားဟာ ကမ္ဘာ့အမြန်ဆုံးရထားအဖြစ် စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။
TGV ရထားဟာ ၂၀၀၇ ခုနှစ်တုန်းက တစ်နာရီကို ၃၅၇ မိုင် (၅၇၅.၄၈ ကီလိုမီတာ) နှုန်းအထိ မောင်းနှင်ပြခဲ့ပြီး အဲဒီစံချိန်ဟာ ဒီနေ့အထိတိုင်အောင် မပြောင်းလဲသေးတဲ့ စံချိန်တစ်ခုအဖြစ် ရှိနေပါတယ်။
ဒီစံချိန်ကို ကျိုးဖို့ဆိုတာကလည်း ဖြစ်နိုင်ခြေနည်းနေပြီး အကြောင်းရင်းတချို့လည်း ရှိနေပါတယ်။
🔶 စံချိန်တင်ပြိုင်ဘက်တွေနဲ့ အငြင်းပွားမှု
၂၀၀၇ ခုနှစ်မှာ အထူးပြုပြင်မွမ်းမံထားတဲ့ ရထားလမ်းပေါ်မှာ TGV ရထားတစ်စင်းဟာ တစ်နာရီကို ၅၇၄.၈ ကီလိုမီတာ (၃၅၇ မိုင်) နှုန်းနဲ့ စံချိန်တင်ခဲ့တာပါ။ ဒါဟာ သံဘီးတပ်ရထားတွေအတွက်ရော၊ ယေဘုယျအားဖြင့်ပါ အမြင့်ဆုံးစံချိန် ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ Maglev ရထားတစ်စင်းက တစ်နာရီကို ၆၀၃ ကီလိုမီတာ (၃၇၅ မိုင်) နှုန်းအထိ ခဏတာရောက်ရှိခဲ့ဖူးပြီး တရုတ်နိုင်ငံမှာလည်း သီအိုရီအရ တစ်နာရီ ၆၂၁ မိုင်အထိ မောင်းနိုင်တဲ့ ရထားတစ်စင်း ရှိနေပါတယ်။
ဒါပေမဲ့ တချို့သူတွေကတော့ အဲဒီစံချိန်နှစ်ခုကို ထည့်မတွက်သင့်ဘူးလို့ ငြင်းခုံကြပါတယ်။ ဘာလို့လဲဆိုတော့ ဂျပန်ရဲ့စံချိန်က “စမ်းသပ်မောင်းနှင်မှု” မှာ တင်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့စံချိန်ကလည်း “ဓာတ်ခွဲခန်းထဲက စမ်းသပ်မှု” အဆင့်မှာပဲ ရှိသေးလို့ပါပဲ။
Ref : supercarblondie