OPPO Reno12 Series ဟာ ဈေးနှုန်းတူ ဖုန်းတွေအကြား Flagship Level AI Function တွေ ပါဝင်လာတဲ့ တစ်ခုတည်းသော ဖုန်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာ နည်းပညာနဲ့ ပတ်သက်လို့ သိသိသာသာ တိုးတက်ပြောင်းလဲ လာသလို ခေတ်မီနည်းပညာဖွံ့ဖြိုးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ AI နည်းပညာကိုပါ လူတိုင်းအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဖုန်းတွေမှာလဲ နည်းပညာတိုးတက်ပြောင်းလဲမှုတွေကြောင့် AI နည်းပညာတွေကို စမတ်ဖုန်းတွေမှာပါ ထည့်သွင်းဖို့ ကြိုးစားနေကြပါပြီ။ ဒါကြောင့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကလဲ အခုတစ်ခေါက်မှာ Flagship Level AI Function တွေကို Reno Series မှာ ထည့်သွင်း အဆင့်မြှင့်တင်လာမှာဖြစ်ပြီး Your First AI Phone ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO Reno12 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း မကြာမီ စတင်မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလက The Portrait Expert ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ စတင်ထုတ်လုပ်ခဲ့တဲ့ OPPO Reno Series ဟာ “The Portrait Expert” ရဲ့ အားသာချက်တွေကို အသုံးပြု၍ ခေတ်မီတိုးတက်ပြီး ဖန်တီးမှုအား ပိုမိုကောင်းမွန်လာစေနိုင်တဲ့ ခေတ်မီ မျိုးဆက်သစ် AI နည်းပညာတွေကို လူတိုင်း အလွယ်ကူဆုံး အသုံးပြုစေနိုင်မဲ့ ရည်ရွယ်ချက်ကြောင့် အခုမိတ်ဆက်လာမဲ့ Reno12 Series မှာ Flagship Level ရှိတဲ့ AI function တွေကို ထည့်သွင်းကာ “AI Portrait Expert” ဆိုပြီး ပြောင်းလဲအဆင့်မြင့်လာခဲ့တာ ဖြစ်ပါတယ်။

တောက်ပြောင်ပြီး မာကျောတဲ့ ဒီဇိုင်းနဲ့ Reno12 Series

OPPO Reno12 Series မှာဆိုရင် စနစ်တကျ သေသေသပ်သပ်ရှိပြီး ဒေါင်လိုက်ပုံစံ ကင်မရာ ဒီဇိုင်း 3D Curved Screen နဲ့ OPPO Reno12 5G ၊ Cosmo Ring ပါရှိတဲ့ Flagship ဒီဇိုင်း ပုံစံ နဲ့အတူ ခေတ်ဆန်ဆန် Halo Light ပါဝင်လာတဲ့ OPPO Reno12 F 4G ဆိုပြီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။ OPPO Reno12 5G မှာဆိုရင် Futuristic Fluid Design ၊ OPPO Reno12 F 4G မှာဆိုရင် Flagship ပုံစံ ဒီဇိုင်းတို့နဲ့အတူ အားကောင်းတဲ့ သတ္တုစပ် ကိုယ်ထည် High-Strength Alloy Farmework နဲ့ All-round Armour ပါဝင်ပြီး ရေစိုဒဏ်ကို ခံနိုင်တဲ့အထိ ကြံ့ခိုင်အောင် ပုံဖော်ထားတာကြောင့် သုံးစွဲသူတွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။ Reno12 နဲ့ Reno12 F နှစ်မျိုးစလုံးဟာဆိုရင် အရင် Reno Series တွေနဲ့ မတူ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းအသီးသီး နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့အပြင် မတူညီတဲ့ အလှတရားနဲ့ အတူ ‌ မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်အောင် ဖန်တီးပေးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိရဲ့ အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

တိကျရှင်းလင်းစွာ အသေးစိတ် ဖယ်ရှားနိုင်ပြီး သဘာဝဆန်ဆန် ပြန်လည်ဖြည့်စွက်ပေးနိုင်မဲ့ AI Eraser 2.0

ဒီတစ်ခေါက် OPPO Reno12 Series မှာ နေ့စဉ်ဘဝမှာ အလွယ်တကူ လူတိုင်းအသုံးပြုနိုင်တဲ့ AI Eraser လုပ်ဆောင်ချက် ပါဝင်လာပြီဖြစ်ပါတယ်။ မိမိရိုက်ကူးမဲ့ပုံရဲ့ နောက်ခံမှာ ရှုပ်ထွေးနေလို့ပဲဖြစ်စေ ၊ လူတွေ အရာဝတ္ထုတွေနဲ့ တအားရှုပ်ယှက်ခတ်နေလို့ပဲဖြစ်‌စေ OPPO Reno12 5G မှာ ပါရှိတဲ့ AI Eraser 2.0 ရဲ့ One-click Auto-recognition နဲ့သာဆိုရင် တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ ရှုပ်ယှက်ခတ်နေတဲ့လူအားလုံးကို တစ်ခါတည်း ဖယ်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိမလိုချင်တဲ့ အရာဝတ္ထုတွေအတွက်လဲ ဝိုင်းလိုက်ရုံနဲ့ ဖယ်ထုတ်ပေးနိုင်တာဖြစ်သလို ဘယ်လိုအရာတွေကို ဖယ်ရှားပစ်ပါစေ ၊ နောက်ခံက လစ်ဟာသွားတဲ့ နေရာတွေကို ပြန်လည်ဖြည့်ပေးတဲ့အခါ သဘာဝအဆန်ဆုံး ဖြည့်တင်းပေးတာကြောင့် OPPO Reno12 Series ဟာ AI ချစ်သူ ၊ AI ကို စမ်းသပ်သုံးစွဲလိုသူတွေအတွက် နိစ္စဓူဝ အသုံးဝင်လာမဲ့ AI လုပ်ဆောင်ချက်တွေ ပါဝင်လာမဲ့ ဖုန်းဖြစ်ပါတယ်။

တစ်ပုံတည်းနဲ့ ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ဖန်တီးနိုင်မဲ့ AI Studio

OPPO Reno12 Series မှာ သုံးစွဲသူတွေအကြိုက်တွေ့လာဦးမဲ့ AI လုပ်ဆောင်ချက်တွေထဲက တစ်ခုကို ဖော်ပြပါဆိုရင်တော့ AI Studio ပါဝင်လာမှာဖြစ်ပါတယ်။ AI Studio ဆိုတာ ကိုယ့်ရဲ့ Selfie ပုံတစ်ပုံရှိနေရုံနဲ့ မတူညီတဲ့ ဒီဇိုင်းပုံစံများစွာကို ပြောင်းလဲပေးနိုင်မဲ့ AI လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တစ်ယောက်တည်း ပဲဖြစ်ဖြစ်၊ နှစ်ယောက်တွဲပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ ပုံကို ပြုပြင်ဖန်တီးနိုင်မှာဖြစ်ပြီး AI Studio မှာဆိုရင် အာကာသယာဉ်မှူးပုံစံက စလို့ ရိုးရာ ဝတ်စားဆင်ယင်မှုနဲ့ ဒီဇိုင်းတွေအထိ ဘီလီယံချီတဲ့ ဒီဇိုင်းပေါင်းများစွာ ထဲကမှ မိမိ ကြိုက်နှစ်သက်ရာ ဒီဇိုင်းပုံစံကို ဖန်တီးပြုပြင်နိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက သာမန် Application တွေမှာလို ကြော်ငြာတွေ အထူးတလည် ကြည့်နေစရာ မလိုတဲ့အပြင် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက်လဲ အထူးစိတ်ချရမဲ့ Built-in ပါဝင်လာတဲ့ AI လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

လူငယ်တွေအားလုံးအတွက် လုပ်ငန်းသုံး ကျောင်းသုံး ကြိုက်ရာသုံးနိုင်မဲ့ AI Toolbox

အသံသွင်းယူမှုတွေနဲ့ အသံသွင်းထားတဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ ပြောကြားထားတဲ့အကြောင်းအရာတွေအတွက် အထိမိဆုံး ပြန်လည်အတိုချုံ့ကာ စာဖြင့် ဖော်ပြပေးနိုင်တဲ့ လက်ရှိမြန်မာဈေးကွက်ထဲမှာ ရှိနှင့်ပြီးသား AI Recording Summary က OPPO Reno12 5G မှာ ပါရှိလာမှာ ဖြစ်ပါတယ်။

ဒါတင်သာမက လေ့လာရေး အတွက် အထူးသင့်တော်ပြီး သုံးရလွယ်ကူစေတဲ့ AI လုပ်ဆောင်ချက်အဖြစ် AI Tool Box ကို OPPO Reno12 5G မှာ ထည့်သွင်းလာပါတယ်။ AI Toolbox မှာမှ မိမိ ဖတ်ချင်တဲ့ စာတွေ အားလုံးကို ဖတ်နေစရာ မလိုဘဲ အကုန်လုံး ရွတ်ပြဖတ်ပြပေးတဲ့ AI Speak ပါဝင်လာမှာ ဖြစ်ပြီး ဖတ်ပြတဲ့ အသံကိုလဲ အမျိုးသား အသံ နဲ့ အမျိုးသမီး အသံဆိုပြီး မိမိကြိုက်နှစ်သက်ရာ အသံအဖြစ် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ စာပိုဒ်အရှည်ကြီးတွေ၊ ရှည်လျားတဲ့ စာမျက်နှာတွေကို ထိထိမိမိ အကျဉ်းချုပ်ဖြစ်အောင် ချုံ့ပေးကာ စာဖြင့် ပြန်လည်ဖော်ပြပေးတဲ့ AI Summary လဲ ထပ်မံ ပါဝင်လာပါတယ်။

ဈေးနှုန်းတူ ဖုန်းများအကြား ရေစိုဒဏ်ခံနိုင်တဲ့ AI ဖုန်း

OPPO ရဲ့ Splash Touch နည်းပညာက သုံးစွဲသူတွေရဲ့ လက် သို့မဟုတ် စိုစွတ်နေတဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မျက်နှာပြင်လုပ်ဆောင်ချက်တွေကို လွဲ‌ချော်မှု မရှိဘဲ မှန်မှန်ကန်ကန်နဲ့ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO A60 မှာဆိုရင် U.S Military Grade Shock-Resistance လက်မှတ်ရရှိထားသည့်တိုင်အောင် ထုတ်လုပ်လာခဲ့ပြီး A60 နောက်ပိုင်းကနေ စတင်ကာ OPPO ဟာ Durability ပိုင်းမှာ သေချာဂရုစိုက် လာသလို Splash Touch နည်းပညာကိုလဲ ဂရုတစိုက် ထည့်သွင်းလာတာ ဖြစ်တဲ့အတွက် ရေစိုမှုနဲ့ ပတ်သက်လို့ အခုအချိန်ထိ ဘယ်လို လုပ်ဆောင်ချက်မျိုးကိုမဆို ထိခိုက်ပျက်စီးစေခြင်း မရှိသေးတာကိုလဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ IP65 rating ပါဝင်လာမှုကြောင့် Reno12 5G မှာ ရေစိုမှုဒဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်ကာ ဖုန်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ အားသွင်းပေါက် ၊ Speakers ၊ USB-C Port နဲ့ SIM card အပေါက်တွေကိုလဲ ခါတိုင်းထက် ပိုပြီး ရေစိုခံနိုင်စေဖို့အတွက် ထောက်ပံ့ပေးထားပါတယ်။

OPPO Reno12 Series ကို လာမဲ့ ဩဂုတ်လ ၂၄ ရက်နေ့၊ Junction City မှာ Consumer Launch အနေနဲ့ တရားဝင်မိတ်ဆက်မှာ ဖြစ်ပြီး အဆိုပါပွဲမှာ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ Lu Hpring ၊ ဧငြိမ်းဖြူ ၊ ရှိန်းတင်ထူး တို့နဲ့ အတူ Lara Devora ၊ ပြည်ညိမ်းဟန် နှင့် Rian တို့ အားလုံး ပါဝင်မဲ့ ပျော်ရွှင်စရာ အစီအစဉ်တွေ ရှိနေမှာဖြစ်ပါတယ်။

OPPO Reno12 Series နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook PageWebsiteViber နဲ့ Telegram  တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Media release: OPPO