Google က Pixel 6 နဲ့ 6 Pro တို့ရဲ့ သတင်းအချက်အလက် တချို့ကို ဒီလ အစောပိုင်းက တရားဝင် အတည်ပြုခဲ့ပြီးပြီ ဖြစ်ပြီး အဲဒီ ဖုန်း ၂ လုံးရဲ့ ဓါတ်ပုံတွေကိုတောင် ပြသခဲ့ပါတယ်။ Pixel 5 လို မဟုတ်ဘဲ Pixel 6 Series မှာ အနောက်ဘက်လက်ဗွေရာ ကိရိယာ အရိပ်အယောင် မမြင်ရပါဘူး။ ဒါဆိုရင် လက်ဗွေရာ ကိရိယာကို ဘယ်နားမှာ တပ်ဆင်ထားသလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။ မျက်နှာပြင်အောက်မှာ မြှပ်နှံထားတာလို့ ထင်ရစေပါတယ်။

အခုတော့ Hiroshi Lockheimer ဆိုသူက Pixel 6 Pro လို့ ထင်ရတဲ့ ဖုန်းရဲ့ Screenshot ၁ ခုကို မျှဝေလိုက်ပြီး လက်ဗွေရာ ကိရိယာ အိုင်ကွန်ကို မျက်နှာပြင်အောက်နားမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။ အခုတော့ အဲဒီ ဓါတ်ပုံကို ဖျက်လိုက်ပြီ ဖြစ်ပေမယ့် အင်တာနက်ပေါ်ရောက်လာပြီးတဲ့ ပုံဖြစ်တဲ့အတွက် ကော်ပီများစွာ ပျံ့နှံ့သွားပြီးပါပြီ။ အဲဒီ ပုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

Screenshot (probably) showing the Pixel 6 Pro lockscreenScreenshot (probably) showing the Pixel 6 Pro lockscreen

Google ရဲ့ တရားဝင် သတင်းအချက်အလက်တွေအရ Pro မော်ဒယ်မှာ ၆.၇ လက်မ 120Hz မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး QHD+ Resolution (1440x3120p) ရှိပါတယ်။ Pixel 6 မှာတော့ အနည်းငယ် ပိုသေးတဲ့ ၆.၄ လက်မ 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး 1080p+ Resolution ရှိပါတယ်။

Google reveals Pixel 6 and Pixel 6 Pro running custom processor

Pixel 6 ၂ လုံးစလုံးဟာ အရင်မျိုးဆက် 5 Series ထက် အများကြီး ပိုကောင်းလာမှာပါ။ စွမ်းရည်သင့် Chipset အစား ကိုယ်တိုင်ထုတ်ထားတဲ့ Tensor Custom Chipset ပါလာမှာပါ။ 18W Charging ရဲ့ အထက် အားသွင်းနှုန်း ပါတဲ့ Google ရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။ 33W အထိ ထောက်ပံ့ထားနိုင်ပြီး အနည်းဆုံး Pro မော်ဒယ်မှာ Telephoto ကင်မရာ ပါလာနိုင်ပါတယ်။ Google က Pixel 6 Series တွေကို ဒီနှစ် နှောင်းပိုင်း ကြေညာနိုင်ပါတယ်။

Ref : gsmarena