Apple ရဲ့ ပထမဆုံး Foldable iPhone ကို ၂၀၂၆ ခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၇ ခုနှစ်မှာ ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ ကိုရီးယား ကနေ နမူနာမော်ဒယ်ရဲ့ သတင်းအချက်အလက်တွေ ထွက်လာပါတယ်။
iPhone Fold မှာ Cover Display ပါလာမှာ ဖြစ်ပြီး အတွင်းဘက်ကို ခေါက်ချိုးတဲ့ Folding Screen တပ်ထားမှာပါ။ စိတ်ဝင်စားစရာကောင်းတာက Samsung Galaxy Z Fold6 မှာလို Under-display Selfie ကင်မရာ ထည့်ထားတာပါ။
iPhone Fold မှာ ဘေးဘက် Touch ID Fingerprint Sensor တပ်ဆင်ထားမှာ ဖြစ်ပြီး Face ID Support မပါလာနိုင်ပါဘူး။ Screen အရွယ်အစားက အရင် နမူနာမော်ဒယ်ထက် အနည်းငယ်သေးငယ်သွားပေမယ့် Resolution နဲ့ Aspect Ratio တွေက တူညီမှာပါ။
Apple က iPhone Fold အတွက် Specs တွေ ရွေးချယ်ဖို့ အချိန်အများကြီးရနေပါသေးတယ်။ အဲဒီအတွက် အထက်မှာ ပြောထားတဲ့ Specs တွေဟာ နောက်ပိုင်းမှာ ပြောင်းလဲလာနိုင်ပါသေးတယ်။ ဒါပေမယ့် Apple ဟာ Android ဖုန်းတွေမှာ ရနေပြီ ဖြစ်တဲ့ Under-display ကင်မရာ နည်းပညာကို လိုချင်နေပုံရပါတယ်။
အရင်သတင်းအရ Apple ဟာ Folding Screen ရဲ့ ခေါက်ရာကို သေးငယ်အောင် ပြုလုပ်ထားမှာ ဖြစ်ပြီး တခြား Foldable ဖုန်းတွေထက် စွမ်းရည်ပိုကောင်းတဲ့ Hinge တပ်ထားမယ်လို့ သိရပါတယ်။
Ref : gsmarena