ဈေးကွက် သုတေသန အဖွဲ့အစည်း Canalys က iPhone 14 Pro Max ဟာ ၂၀၂၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့နောက်မှာ iPhone 15 Pro Max က ကပ်လိုက်နေပါတယ်။

ဒါဟာ လူတွေ ပရီမီယမ် ဖုန်းတွေကို ပိုမို နှစ်သက်လာကြတာကို ပြသတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Apple iPhone တွေဟာ ၇ နေရာကို သိမ်းပိုက်ထားပါတယ်။

iPhone Pro Max

၂၀၂၃ ခုနှစ်မှာ iPhone Pro မော်ဒယ်တွေဟာ ပထမဆုံး အကြိမ် ကမ္ဘာမှာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ အရွယ်အစား ပိုမို သေးငယ်တဲ့ 6.1” Pro မော်ဒယ်တွေထက် ရောင်းအားပိုကောင်းခဲ့ပါတယ်။ Apple ဟာ Pro Series တွေထက် Pro Max Series တွေမှာ လုပ်ဆောင်ချက်တွေ ပိုမို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

iPhone Pro Max

iPhone 15 Pro နဲ့ Pro Max ကို နှိုင်းယှဉ်ကြည့်ရင်လည်း Pro Max က ပိုကောင်းနေပါတယ်။ Pro Max မှာ 5x Optical Zoom ၊ ပိုကောင်းတဲ့ Battery သက်တမ်း၊ ပိုကြီးတဲ့ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Pro Max မှာ 256GB Storage ထည့်သွင်းထားပြီး Pro ရဲ့ 128GB ထက် ပိုများပါတယ်။

Apple ဟာ ၂၀၂၄ ခုနှစ်မှာလည်း အခုအတိုင်း ဆက်လက် အောင်ပွဲခံနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Apple ဟာ ဒီနှစ်မှာ iPhone  16 Series ကို ကြေညာမှာ ဖြစ်ပါတယ်။ iPhone 16 Series မှာလည်း Pro Max ဟာ လူကြိုက်အများဆုံး ဖြစ်လာနိုင်ပါတယ်။

Ref : gizchina