Display Supply Chain Consultants CEO Ross Young က iPhone SE+ 5G ရဲ့ သတင်းအချက်အလက် အသစ်တွေကို ပေးလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းအတွက် မျက်နှာပြင် Panel ထုတ်လုပ်မှုကို ဒီလမှာ စတင်မှာ ဖြစ်တဲ့အတွက် Apple ဟာ iPhone SE+ 5G ကို ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလအစောပိုင်းမှာ ကြေညာနိုင်ပြီး အဲဒီအချိန်မှာပဲ ရောင်းချနိုင်ပါတယ်။

Report: 'iPhone SE+ 5G' coming this year followed by larger model in 2023 -  9to5Mac

မော်ဒယ်အသစ်မှာ ဒီဇိုင်းအဟောင်းကို အသုံးပြုထားမှာ ဖြစ်တယ်လို့ သတင်းများစွာပေါက်ကြားထွက်ပေါ်နေပါတယ်။ အရှေ့ဘက်မှာ Touch ID Button မြှပ်နှံထားပြီး ၄.၇ လက်မ LCD ကိုပဲ အသုံးပြုထားမလားဆိုတာ မသေချာသေးပါဘူး။ သေချာတာ ၁ ခုက 5G ဆက်သွယ်မှု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

5G ဆက်သွယ်မှု ပါတဲ့ Apple iPhone SE ကို မတ်လမှာ ကြေညာနိုင် – MyTech Myanmar

၂၀၂၀ ခုနှစ်ထုတ် SE မော်ဒယ်မှာ Apple A13 Chipset မောင်းနှင်ထားပြီး 4G Modem ပဲ ထည့်သွင်းထားပါတယ်။ (iPhone 12 Series နဲ့ Configuration တူညီပါတယ်။ ) SE မော်ဒယ်အသစ်မှာ Chipset အသစ်နဲ့ Modem အသစ်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကထွက်ခဲ့တဲ့ သတင်းအရ iPhone 13 Series မှာလို Apple A15 Chip နဲ့ Snapdragon X60 Modem တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

iPhone SE+ 5G ကို တူညီတဲ့ A15 Chipset ပါလာနိုင်တဲ့ iPad Air အသစ်နဲ့ အတူ ကြေညာနိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထွက်မယ့် iPhone SE မော်ဒယ်အသစ်ရဲ့ သတင်းတွေထွက်နေတာ လပေါင်းများစွာရှိနေပြီ ဖြစ်ပြီး မကြာခင်ကမှ iPhone SE+ 5G လို့ နာမည်ပေးထားမယ်လို့ သိလာရတာ ဖြစ်ပါတယ်။

ref : gsmarena