ပြီးခဲ့တဲ့ တစ်ပတ်မှာ ကြေညာခဲ့တဲ့ Apple iPad mini (2024) ကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။ 128GB Storage ကို ၅၀၀ ဒေါ်လာ သတ်မှတ်ထားပြီး ဒါဟာ WiFi Only Model ဖြစ်ပါတယ်။ WiFi+Cellular Version ကို ၆၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 256GB နဲ့ 512GB Storage Version တွေလည်း ထုတ်လုပ်ထားပါတယ်။

iPad 2024 Release Date: When Apple Will Launch iPad 11 And iPad Mini

iPad mini (2024) ရဲ့အဓိက တိုးတက်မှုက iPhone 15 Pro Chipset ဖြစ်တဲ့ Apple A17 Pro ထည့်သွင်းထားတာ ဖြစ်ပြီး 8GB RAM ပါတဲ့အတွက် Apple Intelligence ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apple iPad Mini (2024): Specs, Release Date, Price, Features | WIRED

Apple Intelligence ကို မကြာခင်မှာ Software Update နဲ့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ iPadOS 18.1 ကို ဒီလနှောင်းပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး AI Feature တချို့ပါလာမှာပါ။ လာမယ့်လတွေအတွင်း Feature အသစ်တွေ ပိုမို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အစပိုင်းမှာ Apple Intelligence ကို US English နဲ့ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

iPad mini မှာ ပိုမြန်တဲ့ ဆက်သွယ်မှု ပါလာပါတယ်။ WiFi 6 ထက် ပိုကောင်းတဲ့ WiFi 6E (ax) ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် USB-C 3.2 Gen2 ပါလာပြီး 10Gbps အထိ ရလာပါတယ်။

Apple iPad mini (2024) ကို Apple Online Store မှာ စာရင်းတင်ထားပါတယ်။

Ref : gsmarena