Honor မှ 400 series စမတ်ဖုန်းသစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး Honor 400 နှင့် Honor 400 Pro တို့ဖြစ်ပါတယ်။ မော်ဒယ်နှစ်မျိုးလုံးမှာ 200MP ပင်မကင်မရာကို တပ်ဆင်ထားပြီး Pro မော်ဒယ်မှာ telephoto ကင်မရာကို အပိုထည့်သွင်းပေးထားပါတယ်။

Honor 400 Pro

Honor 400 Pro မှာ အဓိကကင်မရာသုံးလုံးပါဝင်ပါတယ်။ ပင်မကင်မရာမှာ 200MP (1/1.4” sensor, f/1.9 lens, OIS) ဖြစ်ပြီး၊ 50MP telephoto ကင်မရာ (1/2” Sony IMX856, f/2.0, OIS) နှင့် 12MP ultra-wide ကင်မရာ (f/2.2 112° lens) တို့ ပါဝင်ပါတယ်။ Ultra-wide ကင်မရာတယ် macro ရိုက်ချက်များအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာမှာ 50MP ဖြစ်ပါတယ်။

HONOR 400 Series Smartphones Boast 200MP Ultra-Clear AI Camera System -  TechEBlog

Pro မော်ဒယ်မှာ Snapdragon 8 Gen 3 chipset ဖြင့် အားဖြည့်ထားပြီး RAM 12GB နှင့် 256GB/512GB storage တို့ဖြင့် တွဲဖက်ထားပါတယ်။ Google Cloud နှင့် Honor ရဲ့ကိုယ်ပိုင် AI နည်းပညာများကြောင့် ရုပ်ငြိမ်ဓာတ်ပုံကို ဗီဒီယိုအဖြစ် ပြောင်းလဲနိုင်ခြင်း၊ ဓာတ်ပုံထဲမှ မလိုအပ်သောလူများကို ဖယ်ရှားနိုင်ခြင်း၊ အလင်းပြန်မှုများကို ဖယ်ရှားနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်လာပါတယ်။ ထို့အပြင် AI Subtitles, AI Translation, AI Writing tools, AI Summary အစရှိသည့် အခြား AI စွမ်းဆောင်ချက်များလည်း ပါဝင်ပါတယ်။

Honor 400 Pro မှာ ၆.၇ လက်မ quad-curved display ကို အသုံးပြုထားပြီး 120Hz refresh rate နှင့် 1,280 x 2,800px resolution တို့ ပါဝင်ပါတယ်။ Peak HDR brightness မှာ 5,000 nits ရှိပြီး 3,840Hz PWM dimming ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီမှာ 5,300mAh ဖြစ်ပြီး 100W ကြိုးတပ်အားသွင်းစနစ်နှင့် 50W ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်ပါတယ်။ IP68/69 ရေစိမ်ခံ၊ ဖုန်တင်ခံနိုင်မှု အဆင့်သတ်မှတ်ချက်လည်း ရရှိထားပါတယ်။

 

Honor 400

Honor 400 ဟာ ၆.၅၅ လက်မ display ဖြင့် ပိုမိုသေးငယ်ပြီး၊ 120Hz flat panel ကို အသုံးပြုထားကာ 1,264 x 2,736px resolution ရှိပါတယ်။ Peak HDR brightness မှာ 5,000 nits ဖြစ်ပြီး 3,840Hz PWM dimming လည်း ပါဝင်ပါတယ်။ ၇.၃ မီလီမီတာဖြင့် ပိုပါးပြီး ၁၈၄ ဂရမ်ဖြင့် ပိုပေါ့ပါးသော်လည်း 5,300mAh ဘက်ထရီကိုပင် အသုံးပြုထားပါတယ်။ သို့သော် အားသွင်းစနစ်မှာ 66W ကြိုးတပ်အားသွင်းစနစ်သာ ပါဝင်တော့ပါတယ်။

HONOR 400 and 400 Pro (global) launched: 200MP main camera, 6,000mAh  battery, Snapdragon 8 or 7 Gen 3

Honor 400 မှာလည်း 200MP ပင်မကင်မရာ (1/1.4” sensor, f/1.9 lens, OIS)၊ 12MP ultra-wide (f/2.2 112°) ကင်မရာ (macro mode ပါဝင်) နှင့် 50MP selfie ကင်မရာတို့ ပါဝင်ပါတယ်။ သို့သော် telephoto ကင်မရာ မပါဝင်သည့်အတွက် 200MP sensor ကပင် zoom ဆွဲရမှာဖြစ်ပါတယ်။

Honor 400 Pro Price in Nepal, Launch, Specifications, Availability

ဒီမော်ဒယ်ကို Snapdragon 7 Gen 3 chipset ဖြင့် အားဖြည့်ထားပြီး RAM 8GB နှင့် 256GB/512GB storage တို့ ပါဝင်ပါတယ်။ Pro မော်ဒယ်ကဲ့သို့ပင် AI စွမ်းဆောင်ချက်များ ပါဝင်ပါတယ်။ ရေစိုခံမှုအပိုင်းမှာမူ IP65 အဆင့်သာ ရရှိထားပါတယ်။

Honor 400 series ကို ဥရောပနှင့် ယူကေဈေးကွက်များမှာ စတင်ရောင်းချနေပြီဖြစ်ပြီး ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

Ref : gsmarena