Huawei က Mate 60 Pro ကို ဩဂုတ်လ ရောင်းချခဲ့ပြီး ရောင်းအား အလွန်ကောင်းနေပါတယ်။ အခုဆိုရင် ရောင်းချတာ ၂ လကြာပြီ ဖြစ်ပေမယ့် ရောင်းအားက ကျမသွားပါဘူး။ Counterpoint ရဲ့ စစ်တမ်းအရ Huawei ဟာ ပြီးခဲ့တဲ့ ၆ ပတ်အတွင်း အလုံးရေ သန်းပေါင်းများစွာ ရောင်းချခဲ့ရပြီး ၃ ပုံ ၁ ပုံကို ပြီးခဲ့တဲ့ ၁ ပတ်ထဲမှာ ရောင်းချနိုင်ခဲ့ပါတယ်။
Counterpoint ရဲ့ စစ်တမ်းအရ Huawei ဟာ Mate 60 Pro ကို ၆ ပတ်အတွင်း အလုံးရေ ၁.၆ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီအထဲက အလုံးရေ ၄၀၀,၀၀၀ ကို ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ရောင်းချခဲ့တာပါ။ ၆ ပတ်အတွင်း အလုံးရေ ၁.၆ သန်းရောင်းချနိုင်ခဲ့တာဟာ အထင်ကြီးစရာ ကောင်းပါတယ်။ Huawei ဟာ Mate 60 Pro ကို အလုံအလောက် မထုတ်လုပ်နိုင်ဘူးလို့ ထင်ရပါတယ်။ ဝယ်လိုအားကို ပြည့်မှီအောင် ထုတ်လုပ်နိုင်ရင် ရောင်းအားက ဒီထက် ကောင်းမှာပါ။
iPhone 15 Series ဟာ တရုတ်နဲ့ တခြား နိုင်ငံတွေမှာ ရောင်းအားနည်းနေပါတယ်။ စွမ်းဆောင်ရည် ကောင်းပေမယ့် တီထွင်ဆန်းသစ်မှုနဲ့ ဒီဇိုင်းအပိုင်းမှာ iPhone 15 Series ဟာ အားနည်းနေပါတယ်။ တရုတ်မှာ iPhone 15 Series ရောင်းအားဟာ iPhone 14 Series နဲ့ ယှဉ်ရင် ၄.၅ ရာခိုင်နှုန်း နည်းသွားပါတယ်။ Pro Max ဟာ ရောင်းအား အနည်းဆုံး ဖြစ်ပြီး ၁၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Pro က ၁၁ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ ကျွမ်းကျင်သူတွေက Mate 60 Series ကြောင့် iPhone 15 ရောင်းအားကျသွားတာလို့ သုံးသပ်ကြပါတယ်။
ref : gizmochina