နာမည်ကြီး အမေရိကန် ဘောလုံး ပြိုင်ပွဲ ၁ ခု ဖြစ်တဲ့ NFL က ဒီရာသီမှာ တချို့ပြိုင်ပွဲတွေအတွက် လက်မှတ်တွေနဲ့တွဲကာ NFTs တွေကို ရောင်းချပေးနေပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့က Cardinals နဲ့ 49ers တို့ ကစားပွဲမှာ ပထမဆုံး အနေနဲ့ NFTs တွေကို စတင် ရောင်းချပေးခဲ့တာ ဖြစ်ပြီး နောက်ထပ် ရောင်းချမယ့် ပွဲက Bears/ Lions ဖြစ်ပါတယ်။

Philadelphia Eagles v Detroit Lions

NFL ရဲ့ ကလပ်အသင်းများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကြီးတန်း ဒုတိယ ဥက္ကဌ Bobby Gallo က “ ရေပန်းစားနေတဲ့ NFTs ကမ္ဘာထဲ ဝင်ရောက်ရတာဟာ စိတ်လှုပ်ရှားစရာ ကောင်းပြီး NFL ရဲ့ တန်ဖိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Fans တွေနဲ့ Engagement ပိုကောင်းလာမှာ ဖြစ်ပြီး Fans တွေဟာ တချို့ပြိုင်ပွဲတွေမှာ Virtual လက်မှတ်တွေနဲ့ ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ NFTs တွေနဲ့ပျော်စရာတွေ ဖန်တီးဖို့ လာမယ့် အားလပ်ရက် ရာသီထက် ကောင်းတာ မရှိတော့ပါဘူး။ အားလပ်ရက် ရာသီအတွက် Chicago Bears နဲ့ Detroit Lions တို့ရဲ့ Thanksgiving Day ပွဲမှာ NFTs တွေနဲ့ စတင် မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

NFL - Apps on Google Play

NFL က “ ကစားပွဲ တက်ရောက် ကြည့်ရှုတဲ့ Fans တွေကို NFTs တွေ ပေးအပ်မှာ ဖြစ်ပြီး ကလပ်အသင်း ၃၂ ခုရဲ့ NFTs တွေကို ဝယ်ယူစုဆောင်းနိုင်တဲ့ NFTs ဈေးကွက်ကို ဖန်တီးပေးထားပါတယ်။ Fans တွေဟာ သူတို့ရဲ့ NFTs တွေကို ရောင်းချတာ ၊ လဲလှယ်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ “ လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီရာသီပြီးရင် NFL ဟာ Dapper Labs နဲ့ ပူးပေါင်းကာ ဒစ်ဂျစ်တယ် ဗီဒီယို Collectible NFTs တွေ ရောင်းချမှာ ဖြစ်ပါတယ်။

NFTs တွေဟာ အရောင်းအဝယ် ပြုလုပ်နိုင်တဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာ အသုံးပြုကာ မှတ်တမ်းတင်ထားပါတယ်။ NFTs ရဲ့ အရှည်က Non-fungible Tokens ဖြစ်ပြီး ပန်းချီ၊ Animated GIFs ၊ သီချင်း၊ ဗီဒီယို ဂိမ်း Item တွေ အပါအဝင် ဒစ်ဂျစ်တယ် ပစ္စည်း အားလုံးဟာ NFTs ထဲမှာ အကျုံးဝင်ပါတယ်။

Ref : theverge