ပြီးခဲ့တဲ့နှစ်မှာ ZTE က 3D Display ပါတဲ့ Nubia Pad 3D ကို ကြေညာခဲ့ပါတယ်။ အခုတော့ တိုးတက်မှုတွေ ပါလာတဲ့ ဒုတိယမျိုးဆက် တက်ဘလက်ကို မိတ်ဆက်လိုက်ပါတယ်။

The nubia Pad 3D II launches with an improved glasses-free 3D display, Snapdragon 8 Gen 2 - GSMArena.com news

Nubia Pad 3D II ကို ကမ္ဘာ့ ပထမဆုံး 5G+AI 3D တက်ဘလက်လို့ ညွှန်းဆိုထားပါတယ်။ 3D မျက်မှန်မလိုဘဲ 3D Content တွေကို ကြည့်နိုင်မှာပါ။ တက်ဘလက်မှာ Snapdragon 8 Gen 2 နဲ့ 5G ပါပါတယ်။

The nubia Pad 3D II launches with an improved glasses-free 3D display, Snapdragon 8 Gen 2 - GSMArena.com news

AI က 3D Content တွေကို ကူညီ ဖန်တီးပေးပါတယ်။ အရင်မျိုးဆက်မှာ 2D-to-3D Converter ပါလာပေမယ့် အခု Neovision 3D Anytime က ပိုကောင်းပြီး ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ဂိမ်းတွေအတွက် အလုပ်လုပ်ပါတယ်။

The nubia Pad 3D II launches with an improved glasses-free 3D display, Snapdragon 8 Gen 2 - GSMArena.com news

12.1” IPS LCD 2560x1600p မျက်နှာပြင်မှာ 144Hz Refresh Rate ထည့်သွင်းထားပြီး 3D Resolution ကို ၈၀ ရာခိုင်နှုန်းပိုတိုးတက်စေသလို 3D Mode မှာ Brightness ကို ၂ ဆ တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် 3D Color ပိုကောင်းလာပြီး စွမ်းအင်စားသုံးမှု သက်သာစေပါတယ်။

The nubia Pad 3D II launches with an improved glasses-free 3D display, Snapdragon 8 Gen 2 - GSMArena.com news

၈၆ ဒီဂရီ Viewing Angle ပါတဲ့အတွက် လူများစွာက တစ်ပြိုင်နက်ထဲ 3D Effect ကို ကြည့်နိုင်ပြီး Landscape နဲ့ Portrait Mode ၂ ခုစလုံးမှာ အလုပ်လုပ်ပါတယ်။ သင့်မှာ ZTE ဖုန်းရှိရင် ဖုန်းမှ Content တွေကို တက်ဘလက်ထံပေးပို့ကာ 3D နဲ့ ကြည့်နိုင်ပါတယ်။

Nubia Pad 3D II ကို 3D Content ဖန်တီးဖို့အတွက်လည်း သုံးနိုင်ပါတယ်။ 3D ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်တဲ့ 13MP အနောက်ကင်မရာ ၂ လုံးနဲ့ 8MP အရှေ့ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

တက်ဘလက်မှာ LPDDR5X RAM နဲ့ 512GB UFS 4.0 Storage အထိ ထည့်သွင်းထားပြီး 66W Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါပါတယ်။ တက်ဘလက်ကို ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena