တရုတ် နဲ့ အမေရိကန် ရဲ့ ကုန်သွယ်ရေး စစ်ပွဲက အရှိန်မြင့်လာပါပြီ။
ဧပြီလ ၄ ရက်နေ့မှာ တရုတ်က အမေရိကန် ရဲ့ အခွန်တိုးမြှင့်မှုကို တုန့်ပြန်တဲ့ အနေနဲ့ မြေရှားသတ္တုတွေ တင်ပို့တာကို ရပ်နားလိုက်ပါတယ်။ လျှပ်စစ်ကား၊ Semiconductor ၊ အာကာသယာဉ်တွေလို လုပ်ငန်းတွေမှာ အဲဒီမြေရှားသတ္တုတွေကို အသုံးပြုနေကြတာ ဖြစ်တဲ့အတွက် ကမ္ဘာ့ Supply Chain ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
တရုတ် အစိုးရက မြေရှား သတ္တု တင်ပို့ရင် လိုင်စင် ယူရမယ်လို့ ဥပဒေကို တင်းကြပ်လိုက်ပါတယ်။ ဒါပေမယ့် အခုထက်ထိ လိုင်စင် ထုတ်ပေးတာ မရှိသေးပါဘူး။ အဲဒီအတွက် မြေရှား သတ္တုတွေဟာ ဆိပ်ကမ်းမှာ သောင်တင်နေပြီး ဝယ်ယူသူတွေ အခက်တွေ့နေပါတယ်။
တရုတ်က ကမ္ဘာ့ မြေရှား သတ္တုရဲ့ ၉၀ ရာခိုင်နှုန်းအထက်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ Dysporsium နဲ့ Terbium လို မြေရှားသတ္တုတချို့တွေကို EV Motor ၊ ဒရုန်းနဲ့ ဒုံးကျည်တွေမှာ အသုံးပြုကြပါတယ်။
Reuters က တရုတ်က မြေရှား သတ္တု တင်ပို့တာကို ရပ်နားလိုက်ပြီး လိုင်စင်ယူရမယ်လို့ တင်းကြပ်ထားတဲ့အတွက် ကုမ္ပဏီတွေဟာ လိုင်စင်ယူဖို့ ရက်သတ္တပတ် အနည်းငယ် သို့မဟုတ် လအနည်းငယ် စောင့်ဆိုင်းရနိုင်တယ်လို့ ပြောပါတယ်။
၂ လကျော်ကြာ တင်ပို့မှု ရပ်နားထားရင် တစ်ကမ္ဘာလုံးမှာ ကုန်ပစ္စည်းထုတ်လုပ်မှု တုံ့ဆိုင်းသွားနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။