အမေရိကန်၊ ကနေဒါ၊ ဘယ်လ်ဂျီယမ်နဲ့ ဥရောပ ကော်မရှင်တို့ရဲ့ လမ်းစဉ်အတိုင်း ဗြိတိန်က လုံခြုံရေးကြောင့် အစိုးရ Device တွေမှာ TikTok ကို ပိတ်ပင်လိုက်ပါတယ်။

လွှတ်တော်ရုံး ဝန်ကြီး Oliver Dowden က “ အစိုးရရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ လုံခြုံရေးက ဦးစားပေး ဖြစ်ပါတယ်။ အဲဒီအတွက် အစိုးရ Device တွေမှာ TikTok ကို ပိတ်ပင်လိုက်ပါတယ်။ တခြား ဒေတာ ရယူတဲ့ App တွေကိုလည်း စစ်ဆေးနေပါတယ်။ “ လို့ ပြောပါတယ်။

The UK bans TikTok on government phones

Dowden ရဲ့ အဆိုအရ TikTok ဟာ အစပဲ ရှိသေးပြီး တခြား App တွေကိုလည်း နောက်ပိုင်းမှာ ပိတ်ပင်နိုင်ပါတယ်။

European Commission bans TikTok from staff work devices – DW – 02/23/2023

TikTok ဟာ သုံးစွဲသူတွေရဲ့ ဒေတာတွေကို ရယူနေတယ်လို့ အနောက်နိုင်ငံများစွာက သံသယ ရှိနေကြပါတယ်။ ဗြိတိန်မှာ အလုပ်အတွက် အသုံးပြုတဲ့ အစိုးရ Device တွေမှာ TikTok ကို ပိတ်ပင်လိုက်တာ ဖြစ်ပြီး အစိုးရ ဝန်ထမ်းတွေက  သူတို့ ကိုယ်ပိုင် စမတ်ဖုန်းတွေမှာ TikTok ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က အခု ပိတ်ပင်မှုဟာ အထင်လွဲမှားမှု ဖြစ်ပြီး အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

Ref : gsmarena