ဒရုန်းဆိုလို့ အပျော်တမ်းလွှတ်တဲ့ စက်ရုပ်အသေးစားလေးတွေလို့ မထင်လိုက်ပါနဲ့။ တကယ့် လူစီးရဟတ်ယာဉ် အစစ်ကြီးကိုမှ လူတစ်ယောက်မှ မပါဘဲ အလိုအလျောက် ပျံသန်းပြလိုက်တာပါ။ Leonardo ကုမ္ပဏီက တည်ဆောက်ထားတဲ့ ဗြိတိန်တော်ဝင်ရေတပ်ရဲ့ Proteus လို့ခေါ်တဲ့ ဒီရဟတ်ယာဉ်ကြီးဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့တုန်းက Cornwall မြို့၊ Predannack airfield မှာ သမိုင်းဝင် ပွဲဦးထွက် ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သာမန် ဒရုန်းအသေးစားလေးတွေနဲ့ မတူတာကတော့ သူက ပုံမှန် ရဟတ်ယာဉ်ကြီးတွေအတိုင်း အရွယ်အစား ကြီးမားတာပါပဲ။ ဝန်ချိန် ၁ တန်ကျော်အထိ သယ်ဆောင်နိုင်စွမ်းရှိတဲ့အတွက် အာရုံခံကိရိယာတွေ၊ စစ်ဆင်ရေးပစ္စည်းတွေ အများကြီး တင်ဆောင်ပျံသန်းနိုင်ပါတယ်။

ခေတ်မီလှတဲ့ အချက်ကတော့ ရဟတ်ယာဉ်ပေါ်မှာ လေယာဉ်မှူး လုံးဝ မပါတာပါပဲ။ အဆင့်မြင့် AI နည်းပညာ၊ ကွန်ပျူတာတွေနဲ့ အာရုံခံ System တွေကို အသုံးပြုပြီး သူ့ဘာသာ ပတ်ဝန်းကျင်ကို အကဲခတ်မယ်၊ ဆုံးဖြတ်ချက်ချမယ်၊ ပြီးရင် လေယာဉ်ကို လွတ်လပ်စွာ ထိန်းချုပ်မောင်းနှင်သွားမှာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် မြေပြင်ကနေတော့ စမ်းသပ်လေယာဉ်မှူးတွေက စောင့်ကြည့်ပေးခဲ့ပါတယ်။
အင်ဂျင်နီယာတွေက ဒီ Proteus ကို ရာသီဥတုဆိုးရွားတဲ့ ပင်လယ်ပြင်ခရီးစဉ်တွေ၊ လေပြင်းတိုက်ခတ်တဲ့ အခြေအနေတွေမှာပါ ကြံ့ကြံ့ခံနိုင်ဖို့ အထူးဒီဇိုင်းထုတ်ထားတာပါ။ ဒါကြောင့် လက်ရှိ တော်ဝင်ရေတပ်က သုံးနေတဲ့ ဒရုန်းတွေထက် ပိုပြီး ခံနိုင်ရည်ရှိသလို၊ ဝန်ပိုတင်နိုင်ပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်စွမ်းလည်း ပိုမြင့်မားပါတယ်လို့ ဆိုပါတယ်။
Ref : Technology Innovation