တိုက်ပွဲဝင်နေတဲ့ စစ်သားတွေအတွက် ရေဆိုတာ အသက်ပါ။ ဒါပေမဲ့ အဲဒီရေကို ရဖို့ သယ်ယူပို့ဆောင်ရတာက သိပ်အန္တရာယ်များပြီး စရိတ်လည်း အရမ်းကြီးပါတယ်။

Waterseer Project to Bring Clean Drinking Water Access to Millions

အခုတော့ အမေရိကန်စစ်တပ်က ဒီပြဿနာကို ဖြေရှင်းဖို့ Montana အခြေစိုက် AirJoule Technologies ကုမ္ပဏီနဲ့ ပေါင်းပြီး အရမ်းမိုက်တဲ့ နည်းပညာတစ်ခုကို စမ်းသပ်နေပါတယ်။ ဒါကတော့ လေထုထဲကနေ သောက်ရေသန့် ထုတ်ပေးမယ့် စနစ်တစ်ခုပါပဲ။

Does Bottled Water Go Bad in the Heat? | Culligan Quench

ဒီစက်ရဲ့ အမိုက်ဆုံးအချက်က ဘာလဲသိလား။ သူက ခြောက်သွေ့တဲ့ လေထဲက ရေငွေ့တွေကိုတောင် အထူးပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ စုပ်ယူဖမ်းထားနိုင်ပါတယ်။ ပြီးရင် အဲဒီရေငွေ့တွေကို ပြန်ထုတ်ဖို့ ဘာစွမ်းအင်မှ သီးသန့်မလိုဘဲ၊ စစ်မြေပြင်မှာသုံးနေတဲ့ မီးစက်တွေက ထွက်တဲ့ “အလဟဿဖြစ်နေတဲ့ အပူ” (waste heat) ကိုပဲ သုံးလိုက်တာပါ။

ဒီအပူကြောင့် ရေငွေ့တွေက သန့်ရှင်းတဲ့ သောက်ရေသန့်အဖြစ် ပြောင်းလဲသွားပါတယ်။ ပိုနေတဲ့အပူကိုပဲ ပြန်သုံးတာဖြစ်လို့ စွမ်းအင်သုံးစွဲမှုလည်း အရမ်းကို သက်သာပါတယ်။

ဒီစနစ်သာ အောင်မြင်သွားရင်၊ စစ်သားတွေဟာ လောင်စာဆီအကုန်ခံပြီး သယ်ရတဲ့ ဒါမှမဟုတ် အန္တရာယ်များတဲ့ ရိက္ခာပို့ လမ်းကြောင်းတွေကို အားကိုးစရာမလိုဘဲ၊ သူတို့ရှိနေတဲ့နေရာမှာပဲ ရေသန့်ကို အဆက်မပြတ် ရရှိနေတော့မှာပါ။

အမေရိကန်စစ်တပ်ကတော့ ဒီနည်းပညာကို လက်ရှိ စစ်ဘက်သုံးပစ္စည်းတွေနဲ့ တွဲပြီး အခြေအနေအမျိုးမျိုးမှာ ဘယ်လောက် အလုပ်ဖြစ်မလဲဆိုတာကို စတင်စမ်းသပ်နေပါပြီ။

Ref : Technology Innovation