အမေရိကန် မှာ DJI Drone တွေကို ပိတ်ပင်တော့မယ်ဆိုတဲ့ သတင်းစကားတွေက အခုတော့ လက်တွေ့ ဖြစ်လာပါပြီ။ ဒါပေမယ့် အမေရိကန် အစိုးရက DJI Drone တွေကိုပဲ ပိတ်ပင်လိုက်တာ မဟုတ်ပါဘူး။ အဲဒီအစား နိုင်ငံခြားမှာ ထုတ်လုပ်တဲ့ Drone တွေနဲ့ အစိတ်အပိုင်း အားလုံးကို ပြည်တွင်းမှာ ရောင်းချခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ စားသုံးသူ ဈေးကွက်မှာတော့ DJI က အထိခိုက်ဆုံး ဖြစ်နေပါတယ်။
Today, based on an Executive Branch national security determination, the FCC has added foreign-produced UAS (drones) and foreign-produced UAS critical component parts to the FCC’s Covered List on a going forward basis.
President Trump has been clear that his Administration will… pic.twitter.com/tVLlsBeOfw— Brendan Carr (@BrendanCarrFCC) December 22, 2025
နိုင်ငံခြားမှာ ထုတ်လုပ်တဲ့ Drone တွေနဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဟာ အမေရိကန် ရဲ့ အမျိုးသား လုံခြုံရေးအတွက် လက်မခံနိုင်လောက်တဲ့ အန္တရာယ် ဖြစ်စေတယ်လို့ လုံခြုံရေး အေဂျင်စီ အများအပြားက သတ်မှတ်ထားကြောင်း FCC က ပြောပါတယ်။
![]()
အရောင်းအသစ်တွေကိုသာ သက်ရောက်မှု ရှိမှာဖြစ်ပြီး နိုင်ငံခြားဖြစ် Drone လက်ဝယ် ရှိထားပြီးသားဆိုရင်တော့ ဆက်သုံးလို့ ရပါတယ်။ ဒါ့အပြင် လက်လီ အရောင်းဆိုင်တွေ အနေနဲ့ FCC က ခွင့်ပြုထားပြီးသား စက်တွေကို ဆက်ရောင်းလို့ ရပြီး နောက်ထပ်ထွက်မယ့် မော်ဒယ်အသစ်တွေကိုသာ ပိတ်ပင်တာ ဖြစ်ပါတယ်။ အနာဂတ်မှာ Department of War (သို့မဟုတ်) Department of Homeland Security က သီးခြား မော်ဒယ်အသစ်တွေကို ခွင့်ပြုပေးနိုင်ပါတယ်။
DJI ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေဟာ ဈေးကွက်ထဲမှာ အလုံခြုံဆုံးနဲ့ စိတ်အချရဆုံး စာရင်းဝင်ပြီး အမေရိကန် အစိုးရ အေဂျင်စီတွေနဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ နှစ်ပေါင်းများစွာ စစ်ဆေးမှုတွေက ဒါကို ထောက်ခံနေပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် DJI ရဲ့ ဒေတာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေဟာ သက်သေ အထောက်အထား ခိုင်လုံမှု မရှိဘဲ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး မူဝါဒနဲ့ ဆန့်ကျင်ပြီး ကိုယ့်ပြည်တွင်း စီးပွားရေးကို အကာအကွယ်ပေးတဲ့ သဘောမျိုးသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Ref : gsmarena