တရုတ် နိုင်ငံ Xinjiang အနောက်တောင်ပိုင်းမှ သဲကန္တရမှာ ကမ္ဘာ့ အကြီးဆုံး Solar Farm ဟာ စတင် လည်ပတ်နေပြီ ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနိုင်ပါပြီ။

The world's largest solar farm just came online in China | Electrek

Solar Farm ဟာ ဧက ၂ သိန်း ကျယ်ဝန်းပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က စတင် လည်ပတ်ပါတယ်။ Solar Farm ဟာ နှစ်စဉ် လျှပ်စစ်ဓါတ်အား 6.09 Billion Kilowatts Hours (kWh) ထုတ်လုပ်ပေးနိုင်ပါတယ်။ လျှပ်စစ်ကားတွေဟာ ၁ နှစ်ကို 3,000 kWh သုံးစွဲတယ်ဆိုရင် 6.09 Billion kWh ဟာ နှစ်စဉ် လျှပ်စစ်ကား ၂.၀၃ သန်းအတွက်  လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနိုင်ပါတယ်။

တရုတ် အစိုးရဟာ လေနဲ့ နေရောင်ခြည် ကနေ လျှပ်စစ်ဓါတ်အား 455 Gigawatt (GW) ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး အခု Solar Farm က စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ တရုတ် အစိုးရဟာ လူနေ နည်းပါးတဲ့ ဧရိယာတွေမှာ Solar Farm တွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားကို မြို့တွေထံ ပို့ဆောင်ဖို့ ရည်မှန်းထားပါတယ်။

Renewable Energy: World's biggest solar farm comes online in China's Xinjiang, ET EnergyWorld

အခုဆိုရင် တရုတ်မှာ ကမ္ဘာ့အကြီးဆုံး Solar Farm ၃ ခုကိုပိုင်ဆိုင်ထားပါတယ်။ Ningxia Tenggeli နဲ့ Golmud Wutumeiren Solar Farm တွေဟာ အရင်ကတည်းက လည်ပတ်နေပြီးသား ဖြစ်ပါတယ်။

Xinjiang ဟာ ကမ္ဘာ့ Solar Panel နယ်ပယ်မှာ အဓိကကျတဲ့ ဧရိယာ ဖြစ်ပြီး Solar Panel ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်း ဖြစ်တဲ့ Polysilicon တွေ ထွက်ရှိပါတယ်။

Ref : electrek