XPENG ရဲ့ IRON လို့ခေါ်တဲ့ လူတူစက်ရုပ်သစ်ကြီးဟာ ရှန်ကျန်းမြို့က လူစည်ကားတဲ့ ကုန်တိုက်တစ်ခုမှာ ပရိသတ်အရှေ့မှောက် ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပွဲဦးထွက်ခရီးကတော့ ထင်သလောက် ဖြောင့်ဖြူးမနေခဲ့ပါဘူး။

The big reveal: Xpeng founder unzips humanoid robot to prove it's not human | South China Morning Post

ဒီဇိုင်းလန်းလန်းနဲ့ ပုံစံကျတဲ့ အနက်ရောင်စက်ရုပ်ကြီးဟာ ရုတ်တရက် ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့တာပါ။ ကံကောင်းတာက ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ ဒါပေမယ့် စက်ရုပ်ကတော့ ကိုယ့်ဘာသာ ပြန်မထနိုင်တော့လို့ ဝန်ထမ်းတွေက ဝိုင်းမပြီး သယ်ထုတ်သွားခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး XPENG ရဲ့ CEO ဖြစ်သူ He Xiaopeng ကတော့ လူမှုကွန်ရက်ပေါ်မှာ အေးအေးဆေးဆေးပဲ တုံ့ပြန်ခဲ့ပါတယ်။ ဆုတ်ယုတ်မှု၊ အဆင်မပြေမှုတွေဆိုတာ ဆန်းသစ်တီထွင်မှုရဲ့ သဘာဝပဲလို့ သူက ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို လမ်းလျှောက်သင်ခါစ ကလေးတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး “ကလေးတွေဟာ အရင်ဆုံး လဲကျမယ်၊ ပြီးမှ မတ်တတ်ရပ်မယ်၊ နောက်ဆုံးမှာတော့ ပြေးလွှားနိုင်လာလိမ့်မယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

XPENG's humanoid robot Iron gets super brainpower, 720° AI vision

IRON စက်ရုပ်ဟာ အရပ် ၁.၇၃ မီတာ မြင့်ပြီး အလေးချိန် ၇၀ ကီလိုဂရမ် ရှိပါတယ်။ လက်တစ်ဖက်စီမှာ အဆစ် ၂၂ ခု အပါအဝင် လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ အဆစ်ပေါင်း ၈၂ ခု ပါဝင်တာကြောင့် တိကျသေသပ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်မှာပါ။

အခုလို ခြေချော်လက်ချော် ဖြစ်ခဲ့ပေမယ့် IRON ဟာ ကိုယ့်ဘာသာ လမ်းလျှောက်နိုင်စွမ်း ရှိပါတယ်။ XPENG အနေနဲ့ ဒီစက်ရုပ်ကို ဧည့်ကြိုကောင်တာ၊ အရောင်းဆိုင်၊ လမ်းပြလုပ်ငန်းနဲ့ စားသောက်ဆိုင်တွေမှာ သုံးဖို့ ရည်ရွယ်ထားတာပါ။ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ အမြောက်အမြား စတင်ထုတ်လုပ်သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Ref: Technology Innovation