အရာရာတိုင်းက အချိန်နဲ့အမျှ ပြောင်းလဲနေတာမှန်ပေမယ့် နည်းပညာတွေ တိုးတက်လာတဲ့အခါ ၊ စမတ်ဖုန်းတွေပေါ်လာတဲ့အချိန်မှာတော့ ပြောင်းလဲမှုတွေက ပိုမိုမြန်ဆန်လာပါတယ်။ စမတ်ဖုန်းတွေပေါ်လာပြီးနောက် ဘယ်လို ပြောင်းလဲမှုတွေဖြစ်လဲဆိုတာ ပြသနိုင်တဲ့ ဓာတ်ပုံလေးတွေကို ဝေမျှချင်ပါတယ်။
ကြောင်
ကျွန်မတို့ ငယ်ငယ်တုန်းကဆို ကြောင်လေးတွေကို ချည်ရစ်လုံးလေးတွေ၊ ပေတံလေးတွေနဲ့ အချိန်ပေးပြီး ဆော့ကြပါတယ်။ အခုတော့ ကြောင်ကလေးတွေတောင် စမတ်ဖုန်းကို ပိုစိတ်ဝင်စားလာကြပါတယ်။
ကွန်ပျုတာ Hard Drives
အရင်က ကွန်ပျုတာ Hard Drives တွေ ကြီးမားလွန်းလို့ လေယာဉ်နဲ့သယ်ရပါတယ်။ အခုတော့ 1TB ကိုတောင် လက်ဝါးထဲထည့်ထားလို့ရနေပါပြီ။
အားကစားလုပ်ခြင်း
အရင်က အားကစားလုပ်ရင် ဘာဓာတ်ပုံမှမရိုက်ဘဲ အားကစားကိုသာ အာရုံစိုက်လုပ်ကြပါတယ်။ အခုတော့ အားကစားလုပ်တာနည်းနည်း ဓာတ်ပုံရိုက်ပြီး Post တင်သာ များများပါ။
အပြင်ဘက်မှာ အချိန်ကို ကုန်ဆုံးခြင်း
အရင်က အားလပ်ရက်တွေရလာရင် အပြင်မှာ လည်ပတ်တာ၊ တောင်တက်တာ ၊ ခရီးသွားကြတာတွေကို ပိုလုပ်ကြပါတယ်။ အခုတော့ လူမှုကွန်ယက် Facebook ဘဲသုံးကြတာများပါတယ်။
အရုပ်များ
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကလေးတွေက အရုပ်တွေနဲ့ဘဲ အချိန်ကုန်ဆော့ကစားကြပါတယ်။ အခုတော့ အရုပ်တွေအစား Tablet တွေ ရောက်လာပါပြီ။
သူငယ်ချင်းများ
လူမှုကွန်ယက် Facebook တွေ မပေါ်ခင်က သူငယ်ချင်းနဲ့တွေ့ချင်ရင် အပြင်မှာ ချိန်းပြီးတွေ့ကြပါတယ်။ အခုတော့ Facebook မှာ တစ်ချိန်လုံးတွေ့နေရတဲ့အပြင် တစ်ချိန်လုံးသူဘာလုပ်နေတာ သိရတဲ့အတွက် အပြင်မှာ တွေ့ဖြစ်တာနည်းသွားပါတယ်။ အဲ့လိုနဲ့ဘဲ တကယ်တမ်း သူငယ်ချင်းအစစ်တွေလည်း ရှားပါးလာပါတယ်။
မိုဘိုင်းဖုန်း
အရင်သုံးက တစ်ခါအားသွင်း ၁၀ ရက်၊ ၁လလောက်အသုံးခံတဲ့ Keyboard ဖုန်းလေးတွေ မှတ်မိကြပါလား။ ဖုန်းပြောရုံဘဲဆိုတော့ သူကလည်း ကျွန်မတို့ရဲ့ အချိန်တွေကို သိပ်မယူပါဘူး။
အခုတော့ နေ့တိုင်း အားသွင်းနေရတဲ့အပြင် ကျွန်မတို့ရဲ့ နေ့စဉ်ရှိနေတဲ့ အချိန် ၃ ပုံ ၁ပုံလောက်ကိုတော့ စမတ်ဖုန်းတွေက လွှမ်းမိုးနေပါပြီ။
တီဗီ
အရင်က ပူစီလေးတွေက တီဗီပေါ်မှာ တက်တက်အိပ်ကြတာ တွေ့ဖူးကြမှာပါ။ အခုတော့ Flat Screen တွေဖြစ်သွားတဲ့အတွ့် တက်အိပ်ရင်တော့ အောက်က ပုံလေးအတိုင်းဖြစ်သွားမှာပါ။