[Unicode]

၂၀၁၈ တုန်းက Xiaomi ဟာ Mi 8 flagship ကို ကြေညာပြီး အံ့အားသင့်မှုတွေ ပေးခဲ့ပါတယ်။ Screen Fingerprint Edition (Pro Version) နဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ဖန်သားနဲ့ကျောဘက်ကိုယ်ထည်ပြုလုပ်ထားတဲ့ Explorer Edition တွေ ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် Mid-range မော်နယ်နှစ်မျိုးဖြစ်တဲ့ Mi 8 SE နဲ့ Mi 8 Lite လည်း ထုတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ပိုပြီးတော့ မော်ဒယ်စုံခဲ့ပါတယ်။ Mi 9 ကို ကြေညာပြီးတဲ့နောက်၊ Mi 9 Explorer, Mi 9 Pro 5G, Mi 9 SE နဲ့ Mi 9 Lite တို့ကို ထုတ်ခဲ့တာပါ။ ဒါတင်မကသေးဘဲ Mi 9T နဲ့ Mi 9T Pro တို့ကိုလည်း ဖြန့်ချိခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အခြေအနေတွေက မတူညီတော့ပြန်ဘူးလို့ ဆိုရပါလိမ့်မယ်။

အခုထွက်လာတဲ့သတင်းအရ Xiaomi ဟာ ဒီနှစ်မှာ Mi 10 Explorer Edition ကို မထုတ်တော့ဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတာကို မသိရသေးပေမယ့် သိပ်မကြာခင်အချိန်အတွင်း ခိုင်လုံတဲ့အကြောင်းပြချက်တော့ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Mi 10 SE နဲ့ Mi 10 Lite တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေလည်း မတွေ့ရှိရသေးပါဘူး။

Mi 10 စီးရီးကို ပြီးခဲ့တဲ့ Mi 9 စီးရီးတုန်းကလို မော်ဒယ်တွေ ဝေဝေဆာဆာနဲ့ မထုတ်လုပ်ခဲ့ရင် ရွေးချယ်စရာလည်း နည်းသွားတဲ့အတွက် ထင်သလောက် ရောင်းအားကောင်းပါ့မလားလို့ မေးခွန်းထုတ်ချင်စရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ လူပြောများနေတာကတော့ Mi 10 နဲ့ Mi 10 Pro တို့အကြောင်းတွေပါပဲ။

နောက်ထပ်ကြားသိရတဲ့သတင်းကတော့ Mi 10 စီးရီးမှာ 2K 120Hz display မရှိဘူး ဆိုတာပါပဲ။ Xiaomi ဟာ သူ့ရဲ့ Flagship တွေကို 1080p resolution ပဲထားလေ့ရှိတာပါ။ အခု Mi 10 စီးရီးလည်း အစဉ်အလာအတိုင်းပဲ ဖြစ်နေပါလိမ့်မယ်။ Xiaomi ဟာ ဘာဖြစ်လို့ QHD+ ရေစီးကြောင်းထဲ ခုန်မဆင်းသွားရတာလဲဆိုတဲ့မေးခွန်းအတွက် ဖြစ်နိုင်ခြေရှိတဲ့အဖြေက ဈေးနှုန်းကြောင့်လို့ ဆိုရမှာပါ။

Xiaomi ရဲ့ Flagship တွေဟာ Price to Performance မှာ အမြဲလို နာမည်ကောင်းရလေ့ရှိတာပါ။ အကယ်၍ Resolution ပိုမြင့်တဲ့ Display သာဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်လည်း ပိုပြီးမြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ဈေးကွက်ထဲကိုပို့ဆောင်မယ့် ထုတ်ကုန်တွေဟာလည်း သတ်မှတ်ဈေးနှုန်းမြင့်တက်သွားနိုင်ပါတယ်။ ဒါကို ရှောင်ရှားချင်တာလည်း ဖြစ်နိုင်ပါတယ်။

အခြား ဆက်စပ်သတင်းတစ်ခုကတော့ ဒီနှစ်အတွက် Mi Pad တက်ဘလက် အသစ်ထုတ်လုပ်ဖို့ အစီအစဉ်လည်း မရှိဘူးလို့ ဆိုတာပါပဲ။ Xiaomi ဟာ Mi 4 တက်ဘလက်ကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။။ ဒါပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီကြီးဟာ Mi Pad 4 နဲ့ Mi Pad 4 Pro တို့အတွက် MIUI Update ကို မဖြန့်ခဲ့ပါဘူး။ ဒါကြောင့် ရှေ့ဆက်ပြီးတော့လည်း Software တွေ ထောက်ပံ့မပေးတော့ဘူးလို့ ယူဆရပါတယ်။

Ref: Gizmochina

[Zawgyi]

Mi 10 Explorer Edition နဲ႔ Mi Pad ေတြ ထုတ္လာေတာ့မွာမဟုတ္တဲ့ Xiaomi

၂၀၁၈ တုန္းက Xiaomi ဟာ Mi 8 flagship ကို ေၾကညာၿပီး အံ့အားသင့္မႈေတြ ေပးခဲ့ပါတယ္။ Screen Fingerprint Edition (Pro Version) နဲ႔ ေဖာက္ထြင္းျမင္ႏိုင္တဲ့ ဖန္သားနဲ႔ေက်ာဘက္ကိုယ္ထည္ျပဳလုပ္ထားတဲ့ Explorer Edition ေတြ ထုတ္ခဲ့ပါတယ္။ ဒါ့အျပင္ Mid-range ေမာ္နယ္ႏွစ္မ်ိဳးျဖစ္တဲ့ Mi 8 SE နဲ႔ Mi 8 Lite လည္း ထုတ္ခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ပိုၿပီးေတာ့ ေမာ္ဒယ္စုံခဲ့ပါတယ္။ Mi 9 ကို ေၾကညာၿပီးတဲ့ေနာက္၊ Mi 9 Explorer, Mi 9 Pro 5G, Mi 9 SE နဲ႔ Mi 9 Lite တို႔ကို ထုတ္ခဲ့တာပါ။ ဒါတင္မကေသးဘဲ Mi 9T နဲ႔ Mi 9T Pro တို႔ကိုလည္း ျဖန႔္ခ်ိခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ အေျခအေနေတြက မတူညီေတာ့ျပန္ဘူးလို႔ ဆိုရပါလိမ့္မယ္။

အခုထြက္လာတဲ့သတင္းအရ Xiaomi ဟာ ဒီႏွစ္မွာ Mi 10 Explorer Edition ကို မထုတ္ေတာ့ဘူးလို႔ သိရပါတယ္။ ဘာေၾကာင့္လဲဆိုတာကို မသိရေသးေပမယ့္ သိပ္မၾကာခင္အခ်ိန္အတြင္း ခိုင္လုံတဲ့အေၾကာင္းျပခ်က္ေတာ့ ထြက္ေပၚလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့အျပင္ Mi 10 SE နဲ႔ Mi 10 Lite ေတြနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြလည္း မေတြ႕ရွိရေသးပါဘူး။

Mi 10 စီးရီးကို ၿပီးခဲ့တဲ့ Mi 9 စီးရီးတုန္းကလို ေမာ္ဒယ္ေတြ ေဝေဝဆာဆာနဲ႔ မထုတ္လုပ္ခဲ့ရင္ ေ႐ြးခ်ယ္စရာလည္း နည္းသြားတဲ့အတြက္ ထင္သေလာက္ ေရာင္းအားေကာင္းပါ့မလားလို႔ ေမးခြန္းထုတ္ခ်င္စရာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ အခုအခ်ိန္မွာ လူေျပာမ်ားေနတာကေတာ့ Mi 10 နဲ႔ Mi 10 Pro တို႔အေၾကာင္းေတြပါပဲ။

ေနာက္ထပ္ၾကားသိရတဲ့သတင္းကေတာ့ Mi 10 စီးရီးမွာ 2K 120Hz display မရွိဘူး ဆိုတာပါပဲ။ Xiaomi ဟာ သူ႔ရဲ႕ Flagship ေတြကို 1080p resolution ပဲထားေလ့ရွိတာပါ။ အခု Mi 10 စီးရီးလည္း အစဥ္အလာအတိုင္းပဲ ျဖစ္ေနပါလိမ့္မယ္။ Xiaomi ဟာ ဘာျဖစ္လို႔ QHD+ ေရစီးေၾကာင္းထဲ ခုန္မဆင္းသြားရတာလဲဆိုတဲ့ေမးခြန္းအတြက္ ျဖစ္ႏိုင္ေျခရွိတဲ့အေျဖက ေဈးႏႈန္းေၾကာင့္လို႔ ဆိုရမွာပါ။

Xiaomi ရဲ႕ Flagship ေတြဟာ Price to Performance မွာ အၿမဲလို နာမည္ေကာင္းရေလ့ရွိတာပါ။ အကယ္၍ Resolution ပိုျမင့္တဲ့ Display သာဆိုရင္ ထုတ္လုပ္မႈကုန္က်စရိတ္လည္း ပိုၿပီးျမင့္တက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ေဈးကြက္ထဲကိုပို႔ေဆာင္မယ့္ ထုတ္ကုန္ေတြဟာလည္း သတ္မွတ္ေဈးႏႈန္းျမင့္တက္သြားႏိုင္ပါတယ္။ ဒါကို ေရွာင္ရွားခ်င္တာလည္း ျဖစ္ႏိုင္ပါတယ္။

အျခား ဆက္စပ္သတင္းတစ္ခုကေတာ့ ဒီႏွစ္အတြက္ Mi Pad တက္ဘလက္ အသစ္ထုတ္လုပ္ဖို႔ အစီအစဥ္လည္း မရွိဘူးလို႔ ဆိုတာပါပဲ။ Xaiomi ဟာ Mi 4 တက္ဘလက္ကို လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ ျဖန႔္ခ်ိခဲ့ပါတယ္။။ ဒါေပမယ့္ တ႐ုတ္အေျခစိုက္ကုမၸဏီႀကီးဟာ Mi Pad 4 နဲ႔ Mi Pad 4 Pro တို႔အတြက္ MIUI Update ကို မျဖန႔္ခဲ့ပါဘူး။ ဒါေၾကာင့္ ေရွ႕ဆက္ၿပီးေတာ့လည္း Software ေတြ ေထာက္ပံ့မေပးေတာ့ဘူးလို႔ ယူဆရပါတယ္။

Ref: Gizmochina