လျှပ်စစ်ကားတွေရဲ့ အားသွင်း နည်းပညာဟာ တော်တော် တိုးတက်လာပါပြီ။ လက်ရှိမှာ လျှပ်စစ်ကားတွေနဲ့ ခရီးဝေးသွားနိုင်ပြီ ဖြစ်ပြီး လမ်းမှာ ၁ နာရီလောက်ပဲ အားသွင်းရပါတယ်။ အနာဂတ်မှာတော့ ပိုမြန်တဲ့ အားသွင်းနည်းပညာတွေ ထွက်ပေါ်လာတော့မှာပါ။ Lotus ဟာ လျှပ်စစ်ကား အားသွင်းနည်းပညာမှာ ရှေ့တန်းက ဦးဆောင်နေပါတယ်။

Lotus Emeya

Lotus Emeya လျှပ်စစ်ကားဟာ ၁၄ မိနစ်ထဲနဲ့ ၁၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။ အဲဒီကားဟာ အားအပြည့်သွင်းထားရင် ၃၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ အားကုန်ခါနီးရင် ကော်ဖီတစ်ခွက်လောက် ထိုင်သောက်ရုံနဲ့ အားအပြည့်သွင်းနိုင်ပါတယ်။

SiC diode, MOSFETs power EV fast charger - Planet Analog

အဲဒီကားရဲ့ အလွန်မြန်တဲ့ အားသွင်းနည်းပညာဟာ အမြင့်ဆုံး အနေနဲ့ 402kW Power အထိ အားသွင်းနိုင်လို့ ဖြစ်ပါတယ်။ ၁၀ ကနေ ၈၀ ရာခိုင်နှုန်းအတွင်းမှာ  331kW နဲ့ အားသွင်းပေးနိုင်ပါတယ်။

အားသွင်း နည်းပညာမှာ စွမ်းရည်မြင့်မားတဲ့ Xpeng G9 ဟာ 320kW Speed အထိ ရပြီး Lotus Emeya ဟာ အဲဒီကားကို ယှဉ်ပြိုင်နိုင်ပါတယ်။ Emeya ဟာ 350kW ကို အသုံးပြုထားပြီး ၁၆ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းနိုင်တဲ့ Porsche Taycan ထက်တောင် သာလွန်နေပါတယ်။

Ref : gizchina