ကမ္ဘာ့ လစာ အများဆုံးဟာ အိန္ဒိယ လူမျိုး CEO တစ်ယောက်ဖြစ်လာပါတယ်။ သူဟာ Microsoft CEO Satya Nadella မဟုတ်ပါဘူး။ Google CEO Sundar Pichai လည်း မဟုတ်ပါဘူး။ သူကတော့ Jagdeep Singh ဖြစ်ပါတယ်။

World's Highest Paid Former CEO of QuantumScape Earns

သူဟာ သူဟာ တစ်နှစ် လုပ်ခလစာ ဒေါ်လာ ၂.၁ ဘီလီယမ် ရှိပြီး တစ်ရက်မှာ ဒေါ်လာ ၅.၆ သန်း ရနေပါတယ်။ သူဟာ ကုမ္ပဏီများစွာကို တည်ထောင်ခဲ့ပြီး CEO အဖြစ်လည်း လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ HP နဲ့ Sun Microsystems တို့လည်း ပါဝင်ပါတယ်။ သူဟာ  ၂၀၁၄ ခုနှစ်မှာ QuantumScape ကို တည်ထောင်ခဲ့ပြီး လက်ရှိမှာ Stealth Startup မှာ CEO ရာထူးရထားပါတယ်။

Meet the world's highest-paid employee: Jagdeep Singh | TechGig

သူဟာ QuantumScape ကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့လို့ အခုလို ကမ္ဘာ့ လစာအများဆုံး လူသား ဖြစ်လာတာလို့ ပြောနိုင်ပါတယ်။ အဲဒီ အောင်မြင်မှုကြောင့် သူ့ရဲ့ လုပ်ခလစာဟာ ဒေါ်လာ ၂.၃ ဘီလီယမ် တန်ကြေးရှိတဲ့ စတော့ရှယ်ယာတွေအပါအဝင် အလွန်များပြားနေတာ ဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်တွေမှာ ကွန်ပြူတာ သိပ္ပံနဲ့ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်တွေမှာ ဘွဲ့ရယူထားပါတယ်။

Ref : Hindustantimes